Unicode;
"နှုတ်ဆက်လိုက်လေ Kookie.. သူက ဒီနေ့ကစပြီး သားနဲ့ တူတူနေမယ့် သား ကိုကို.. သားထက် နှစ်နှစ်ကြီးတယ်"
အဖေ ဖြစ်သူရဲ့ စကားကြောင့် ကျွန်တော် ပျော်ရွှင်စွာ ကိုကို့ လက်ကို ပြေးကိုင်လိုက်သည်။ ကြွေရုပ်လေးနဲ့ တူတဲ့ ကိုကိုက ကျွန်တော်နဲ့ တူတူနေမှာတဲ့..။ မျက်နှာတည်ကြီးနဲ့ ကျွန်တော့် လက်ကို ဖြုတ်ချတဲ့ ကိုကိုက နှုတ်ခမ်းဖူးလေး စူထွက်နေလေသည်။
"ဒါ ဘာလုပ်တာလဲ Jimin ညီလေးကို ကောင်းကောင်း ဆက်ဆံပါ့မယ့်လို့ မေမေ့ကို ကတိပေးထားတယ်လေ"
ကိုကို့မေမေ စကားကြားမှ ကိုကိုက ကျွန်တော့်လက်ကို ပြန်လာကိုင်ရှာသည်။ ကိုကိုကလေ သိပ်လှတာပဲ.. အသားဖြူဖြူ မျက်လုံးအစ်အစ် ပါးဖောင်းဖောင်းလေးတွေက ကျွန်တော်ငေးကြည့်မိအောင် ဆွဲဆောင်နိုင်တဲ့ အရာတွေ..။ အဆိုးဆုံးက ကိုကို့နှုတ်ခမ်း နီတာရဲလေး..။ အဲ့နေ့က ကျွန်တော် ကိုကို့ကို အကြားကြီး ငေးကြည့်နေမိတယ်..။
"အပေါ်ထပ်မှာ တူတူ သွားဆော့ကြနော်"
အဖေ့စကားကြောင့် ကျွန်တော် ပျော်ပျော်ကြီး ကိုကို့လက်ကို ဆွဲကာ အခန်းထဲ ခေါ်လာခဲ့သည်။ အခန်းထဲ ရောက်တော့ ကိုကိုက ကျွန်တော့်လက်ကို ဖြုတ်ချလိုက်ပြီး စင်လေးမှာ တင်ထားတဲ့ စက်ရုပ်လေးတွေဆီ ပြေးကာ
"ဒါလေး Tobot လေးတွေပဲ.. မင်းမှာ Tobot တွေ အများကြီး ရှိနေတာပဲ"
ကိုကို့စကားကြောင့် ကျွန်တော် ကျေနပ်စွာ ပြုံးလိုက်မိသည်။ ကျွန်တော်ရဲ့ ပူဆာမှုကြောင့် ဖေဖေ ဝယ်ပေးထားတဲ့ Tobot ဆိုဒ်စုံ ဒီဇိုင်းပေါင်းစုံကို ကျွန်တော်သိပ်နှစ်သက်သည်။ ဒါပေမယ့် အခုတော့ မလိုတော့ဘူး.. ကိုကို့ကို ပိုနှစ်သက်သည်။
"ကိုကို လိုချင်ရင် အကုန်ယူလို့ရတယ်"
ကျွန်တော့် စကားကြောင့် ကိုကို့ မျက်လုံးလေး ဝိုင်းစက်သွားလေသည်။
"တကယ်လား"
ကျွန်တော် ခေါင်းညိမ့်ပြလိုက်တော့ ကိုကို ပြုံးသွားသည်။ ကိုကို့အပြုံးတွေက သိပ်ချစ်ဖို့ကောင်းတာပဲ... ကျွန်တော် ကြိုက်တယ်...။ ပျော်ပျော်ကြီး နှစ်သက်ရာကို ရွေးနေတဲ့ ကိုကို့ပုံစံကို ငေးရင်း ကျွန်တော်ပါ ပျော်သည်။
YOU ARE READING
My Dear KoKo
Fanfiction(Unicode + Zawgyi) Unicode; ကျွန်တော် မျက်လုံးတွေ လေးလံလာပြီ.. ကျွန်တော် မမှိတ်ချင်သေးဘူး.. ကိုကို့ အပြုံးတွေ ငေးချင်သေးတယ်.. နှုတ်ဖျားမှ ဖွင့်ဟဖို့ ကြိုးစားပေမယ့် အသံထွက်မလာတော့..။ ကျွန်တော် ထာဝရ မှိတ်စက်သွားခဲ့ပြီ.. ဒါပေမယ့်လည်း ပျော်နေတုန်းပဲ.. က...