ဒီနေ့ အရင်နေ့တွေထက် အအေးဓာတ်က ပိုနေတယ်။ ဒီလိုနေ့က ကော်ဖီပူပူလေး သောက်ပြီး အိမ်ထဲ နွေးနွေးထွေးထွေးနေဖို့ အသင့်တော်ဆုံးပဲ။ ဒါပေမဲ့ သူကတော့ အထီးကျန်တယ် ခံစားရလို့ ဆိုင်ကိုပဲ လာလိုက်တယ်။ ဆိုင်က အရင်နေ့တွေထက် လူပိုကျနေလို့ သူပါ ဝင်ကူနေရတာ။ ထမင်းစားချိန်အထိ သူ Counter ထိုင်ပေးနေရတုန်း။ မှာသမျှ ဒိုင်ခံ Order စာရွက် ထုတ်ပေးရသလို ကောင်လေးတွေလည်း Coffee ဖျော်နေတဲ့သူ၊ Packing ထုပ်ပေးတဲ့သူနဲ့ မအားရ။"Hot Chocolate တစ်ခွက်ပေးပါ"
ရုတ်တရက် ကြားလိုက်ရတဲ့ ခပ်ဩဩအသံကြောင့် မော့ကြည့်ချင်ပေမယ့် သူ မကြည့်မိ။ လှိုက်တက်လာတဲ့ အလွမ်းစိတ်တွေရယ်၊ တဒိုင်းဒိုင်း ခုန်နေတဲ့ရင်ရယ်၊ တုန်ရင်နေတဲ့ လက်တွေရယ်... သူ့ကိုယ်သူ မနည်း တည်ငြိမ်အောင် လုပ်နေရတယ်။ ပြီးမှ သူ မေးလိုက်တယ်။
"Hot Chocolate ပဲလား Strawberry Cake ရော ပါသေးလား ခင်ဗျ"
အတန်ကြာ တိတ်ဆိတ်သွားပြီးမှ
"Hot Chocolate ပဲပေးပါ"
"ဟုတ်ကဲ့ ရပါပြီ ခင်ဗျ"
ထုတ်ပေးလိုက်တဲ့ စာရွက်မှာ ကျသင့်ငွေက 0 ဝမ်။ သူ့ကောင်လေးတွေကို လှမ်းပြောလိုက်တယ်။
"ဒီမှာ တစ်ယောက်လောက် လာထိုင်ပေးပါ အစ်ကို ဆက်ဖျော်ပေးလိုက်မယ်"
သူ့ကို ကြောင်ပြီး ကြည့်နေကြတာမို့ သူပဲ အရင် ထသွားလိုက်ပြီး ကောင်လေးတစ်ယောက်ကို Counter ကို သွားဖို့ပြောရတယ်။
သူ သိမ်းထားတဲ့ Cocoa မှုန့်ဘူးကို ထုတ်လိုက်တယ်။ Hot Chocolate ထဲကို သူ့ရဲ့အလွမ်းတွေနဲ့ ဒီဇင်ဘာ့ကို ချစ်တဲ့စိတ်တွေပါ ထည့်ဖျော်မိတယ်။"ရပါပြီ ခင်ဗျ"
သူ လှမ်းပေးတော့ သူ့ကို အသဲပုံရွှေရောင် ချောကလက်လုံးလေးတစ်လုံးပေးပြီး လှည့်ထွက်သွားတယ်။ ဒီနေ့တော့ မျက်နှာကို Mask ပဲအုပ်ထားတာမို့ ကြည်လင်နေတဲ့ မျက်ဝန်းလှလှရယ်၊ နဖူးပေါ်ကျနေတဲ့ ဆံပင်ကောက်ကောက်လေးတွေရယ်က သူ့မျှော်လင့်ချက်ကို ပိုအရောင်ရင့်စေတယ်။ နောက်ကျောလေးကို တဆုံးငေးကြည့်ပြီးမှ သူ့အလုပ်ကို ဆက်လုပ်ဖြစ်တယ်။ ပါးပြင်ပေါ်က မျက်ရည်စတွေက ဒီတခါ ပျော်လွန်းလို့ ကျတာဖြစ်မှာပါလို့ တွေးမိတယ်။
YOU ARE READING
ချစ်သော ဒီဇင်ဘာ(Dear December) /Rewriting/ #Completed
Romance[Unicode] ဒီဇင်ဘာ က မကြိုဆိုဘဲ ရောက်လာတယ်... နှုတ်မဆက်ဘဲ ပြန်ထွက်သွားတယ်... ဒီဇင်ဘာရောက်တိုင်း ဒီဇင်ဘာ ပြန်လာမလား စောင့်တယ်... တစ်ခုသော ဒီဇင်ဘာ မှာ တစ်ယောက်တည်းသော ဒီဇင်ဘာ ပြန်လာဖို့ မျှော်လင့်တယ်... ကိုယ့်ရဲ့ ချစ်သော ဒီဇင်ဘာငယ်... #Taekook #Top_koo...