"ဟေး...ကောင်လေး ဘာဖြစ်သွားသေးလဲ " ဆိုပြီးမေးလာတာကြောင့် မော့ကြည့်လိုက်တော့ သူနဲ့ ဝင်တိုက်တဲ့ မနက်ကလှေကားမှာတွေ့တဲ့ အကိုကြီး မိုးစက်လဲ ပြန်ဖြေမလို့ ပြင်နေတုန်း
"ပိုင်...ပိုင်...ဘာဖြစ်သွားသေးလဲ ဘယ်နားထိသွားလဲ ခင်များ လူတစ်ယောက်လုံးတောင် မမြင်ဘူးလား.." ဆိုပြီး ပြေးဝင်လာပြီး မိုးစက်အားအဆက်မပြတ်မေးကာ သူနဲ့ဝင်တိုက်မိတဲ့ အကိုကြီးကို လည်းအော်နေတာမို့
"ဝသန်..ငါ ဘာမှမဖြစ်ပါဘူးကွာ ငါက ပြေးဝင်မိတာကို..."
"ပိုင် မင်းကလေ နမော်နမဲ့ နဲ့ လမ်းရော လျှောက်နိုင်ရဲ့လား ရှုပ်ပါတယ်ကွာ..." ဆိုပြီး ကောက်ပွေ့လိုက်တာမို့
ဘေးကလူတွေလည်း မျက်လုံးပြူးရတော့သည်"ဟာ..ဝသန်...ဟျောင့် ဘာလုပ်တာတုန်း ငါလမ်းလျှောက်နိုင်တယ် ပြန်ချစမ်းပါကွာ.."
"မရှည်နဲ့ ပါးစပ်ပိတ်ပြီး လိုက်ခဲ့.."
"😖😖"
"ဟို ညီကိုယ်ကူပေးရမလား နိုင်ရဲ့လား"ဆိုပြီး မိုးစက်နဲ့ဝင်တိုက်မိတဲ့ ခပ်ချောချော အကိုကြီးက လာမေးတာကို
"မလိုဘူး နိုင်တယ်.." ဆိုပြီး ပြန်ချေလိုက်သော ဝသန်လေးပါပဲ မိုးစက်ခမျာတော့ မျက်နှာတွေပူပြီး အငွေ့ပျံချင်နေပြီ
"ဝသန်...ငါလမ်းလျှောက်နိုင်ပါတယ်ဆိုကွာ..."
"ပါးစပ်ပိတ်လို့ပြောထားတယ်နော်..ငါပစ်ချလိုက်မယ်.."
"ပိတ်ပြီ ပိတ်ပြီ 🤭" လို့ပြောလိုက်ကာ ပါးစပ်ကလေးကို လက်နဲ့ပိတ်ပြီးသာလိုက်ခဲ့ရသည်..
"ဟျောင့်..သူရိန် မင်းကမင်းမဟုတ်သလိုပဲ အဲ့ကောင်တွေကို ဘာလို့ အလျှော့ပေးနေတာလဲ ကွင်းလာလုတုန်းကလည်း တောင်းပန်လိုက်သေးတယ်"
"အင်း...ငါ့မှာ ကိစ္စလေးရှိလို့..."
"ဘာကိစ္စလဲ..."
"ဒီလိုပါပဲကွာ..ငါ့ညီမနဲ့ ပတ်သက်တဲ့ ကိစ္စလေး..."
"မင်းကို မင်းညီမဘာတွေပူဆာထားပြန်ပြီလဲ"
"နောက်တော့ပြောပြမယ်.."
"အေးပါကွာ..လာဆက်ဆော့မယ်..."
"အိုခေ..ကစားပွဲပြန်စမယ်ဟေး...."
ဆိုပြီး သူတို့ Basket Ball ဆက်ကစားနေကြသည်.."ဟာ...မိုးစက် အဆင်ပြေရဲ့လား.."
"အင်းပြေတယ် "
"ဝသန် အုပ်ကြီးကို အကျိုးအကြောင်းပြောပြီးမိုးစက်ကို အဆောင်ပြန်ခေါ်သွားလိုက်တော့.."
"အင်း.."
"မင်းတို့ကလည်း..ခနနေရင်ပဲ ကာယအချိန်ပြီးတော့မှာကို ပြီးမှ တူတူ ပြန်မယ်လေ.."
"ပိုင်..ငါ ပါးစပ်ပိတ်ထားလို့ပြောထားတယ်နော်.."
"🤭"