M' Christmas Extra

11.2K 1.3K 58
                                    

{Warning ⚠️}

"ကိုကို ဟိုရောက်ရင် ဓာတ်ပုံရိုက်လို့ ရလား"

ကားနောက်ခန်းတွင် တစ်ယောက်တည်း ထိုင်နေသည့် ပန်ပန်က ရှေ့ခန်းရှိ မာန်ပြည့်နှင့်ရာဇာ့ကြား ခေါင်းလေး ထိုးဝင်လာသည်။

"မရိုက်ပါနဲ့ ပန်ရဲ့။ အလှူခံ ပုဂ္ဂိုလ်တွေကို ဓာတ်ပုံ၊ Video ရိုက်ကူးခြင်းမပြုဘဲ ကူညီပါရန်တဲ့"

ပန်ပန်က သူ့အစ်ကိုပြောစကားကို နာခံစွာ ခေါင်းလေးညိတ်သည်။ သူတို့သုံးယောက် သွားနေသည်က လှိုင်သာယာရှိ အနှိုင်းမဲ့မေတ္တာလူငယ်ဖွံ့ဖြိုးရေးဂေဟာ (agape orphanage center) ရှိ ကလေးများကို Christmas လက်ဆောင်ပေးရန် သွားနေကြခြင်း ဖြစ်သည်။ ထိုဂေဟာတွင် တိုင်းရင်းသား ကလေးပေါင်းစုံ ရှိသလို စစ်ဘေးရှောင်ဒေသမှ ကလေးငယ်များကိုလည်း ခေါ်ယူစောင့်ရှောက်ထားသည့် ဂေဟာလည်း ဖြစ်၏။

"ရာဇာ မင်း အဲ့ဂေဟာကို ဘယ်လိုသိတာလဲ"

"Facebook မှာ တွေ့တာလေ။ ကလေးတွေ လက်ဆောင်ရရင် ပျော်သွားကြမယ် ထင်တယ်"

ရာဇာက သူရဲ့ Christmas အလှူအတွက် ရင်ခုန်နေသည်။ ကားကို ကျွမ်းကျင်စွာ မောင်းပြီး မာန်ပြည့်ရှိရာဘက်ကိုလည်း မကြာခဏဆိုသလို လှည့်,လှည့်ကြည့်သည်။

"မင်း ဒီဆံပင်နဲ့ တကယ်လိုက်တယ်"

မာန်ပြည့်က ရာဇာ့အား မေးထောက်ကြည့်ရင်း ထိုစကားကိုဆိုသည်။ ကားမောင်းနေသည့် ရာဇာ့နားရွက်ဖျားတွေ ချက်ချင်းရဲတက်လာ၏။
ခပ်ကြမ်းကြမ်း ရာဇာရှေ့ဆံပင်များက နဖူးပြင်ပေါ် မညီမညာချထားသလို ဖြစ်နေပြီး ဘေးနှစ်ဖက်ကို  ခပ်ပါးပါး ရှိတ်ထိုးထားသည်။ ရှပ်အမဲ အောက်က ဖြူနုနေသည့် လည်ပင်းကြောကြောင့် မာန်ပြည့် ငေးကြည့်နေရင်း တံထွေးမြိုချမိသွားသည်။ မေးစေ့ထက်က မှဲ့လေးက ထင်းလို့။ ဒီကောင် မင်းသားသာ လုပ်ရင် ကမ္ဘာပါ ကျော်မလားပဲ။

"ရောက်ပြီ.."

အနှိုင်းမဲ့မေတ္တာလူငယ်ဖွံ့ဖြိုးရေးဂေဟာ ဟု ဆိုင်းပုဒ်ရှေ့ ကားရပ်လိုက်သည်။ ကားနောက်ခန်းမှ Santa Claus ကိုင်သည့် အနီရောင် အိတ်အကြီးကြီးအား ထုတ်ယူသည်။

အိမ်ပြေး , အိမ်ပြေး { Z + U } Complete Où les histoires vivent. Découvrez maintenant