နာကျင်မျက်ရည်(Only Love)-31

112 7 6
                                    

(Unicode)

နာကျင်မျက်ရည်(Only Love)-31

မျက်နှာထား တင်းတင်းနဲ့ မိုးဇော်ကိုကြည့်ပြီး ရှိုင်းအံ့ဩနေသည်။ ရုတ်တရက် မို့
ဘာပြန်ပြောရမှန်းမသိ ကြောင်အ သွားကာ

" ငါ အဆောင်ကိုသတိရလို့လာခဲ့တာပါ..."

မိုးဇော်ကတော့ ခါးကိုထောက်လျက်

" အဟက်...သတိတော့ရသေးသားပဲ...မင်း
တကယ့်တကယ် သတိရရမှာက အဆောင် ကိုမဟုတ်ဘူး...မင်းခကို သတိရရမှာ... မင်းက သိပ်ကို အတ္တ ကြီးတဲ့ကောင်...." ဒေါသသံနှင့်ပြောလိုက်ရာ

" မိုးဇော်...မင်း ဘာကိုဆိုလိုချင်တာလဲ... "
ရှိုင်းကမေးလိုက်သည်။

" မင်းကို အမြဲ အနွံတာ ခံပြီး... အမြဲပေးဆပ်နေတဲ့ မင်းခ အပေါ်မှာ သိပ်ကို လုပ်ရက်ခဲ့တယ်လေ... သူက မင်းကို သိပ်ချစ်တာ ... အခု ဒီကနေ ထွက်သွားတာလည်း မင်းကြောင့်ပဲ..."

" ဘာ...ငါ့ကြောင့် ဟုတ်လား... ဟုတ်တယ်...
သူက မင်းအတွက် အနှောင့်အယှက် ဖြစ်တယ်လို့ မင်းပဲပြောတယ်လေ... မင်းမမြင်ချင်ရတဲ့ သူ့ကို မမြင်ရစေဘူးဆိုပြီ ထွက်သွားတာ... မင်းကို အမြဲပေးဆပ်ပြီး မင်းကြောင့်ပဲ သူ့ရည်မှန်းချက် အိပ်မက်တွေကို လက်လွှတ်ခဲ့ရဝာာကွ...." မိုးဇော် က ဒေါသစိတ်နှင့် ဝမ်းနည်းစိတ်တို့ကြောင့် မျက်လုံးများပါနီရဲ လို့နေခဲ့ပြီ။

" ငါ...မင်းပြောတာတွေ တစ်ခုမှ နားမလည်ဘူး မိုးဇော်... " ရှိုင်းကမေး‌လိုက်ရာ

" အဲ့ဒီည က မင်း သူနဲ့ စကားများကြတယ်လေ... မင်းသူ့ကို တွန်းလွှတ်ခဲ့တော့ သူ့ပေါင်မှာ ပုလင်းကွဲ စိုက်ပြီးသွေးထွက် လွန်လို့ဆေးရုံရောက်သွားဝာယ်... မင်းကတော့ မင်းအတ္တ ‌‌တွေနဲ့  အဆောင်ပြောင်းသွားပြီး သူါကို တစ်ချက်လေးတောင် လာမကြည့်ခဲ့ဘူးမလား... "

" မင်းခ ငါ့ကြောင့်ဆေးရုံတက်ရတယ်... ဟုတ်လားမိုးဇော်... " ရှိုင်းက မိုးဇော်ရဲ့ ပုခုံးကို ကိုင်လှုပ်ကာ မေးလိုက်သည်။

" ဟုတ်တယ်... မင်းမသိဘူးလို့ မပြောနဲ့ ...မင်းမသိချင်ခဲ့ဝာာ... မသိချင်ယောင်ဆောင်ခဲ့တာ ..." မိုးဇော်က မျက်နှာလွှဲကာပြောသည်။

နာကျင်မျက်ရည်(Only Love)(BL Story)(Completed)Hikayelerin yaşadığı yer. Şimdi keşfedin