Uni
ကျောင်းမဖွင့်ခင်ကြိုရောက်နေသောကြောင့်သူငယ်ချင်း၂ယောက်စလုံးအေးဆေးပင်ဖြစ်သည် ကုတင်ပေါ်တွင်၂ယောက်သားခြေချိတ်ထိုင်ကာ ဖုန်းကိုဇိမ်ပြေနပြေသုံးနေသည်
Taehyung twitter မှ post များကိုဒီနေ့မှသေသေချာချာလိုက်ကြည့်နေမိသည်
"ဟာ!!!!! Park Jimin!!!"
"Wae? Wae!? "
Taehyung ဘက်မှအလန့်တကြားအော်သောကြောင့် Jimin မှာလဲအလန့်တကြားမေးလိုက်သည်
"JungKook JungKook လေ JungKook"
"အေးအေး JungKook ဘာဖြစ်လဲဘာဖြစ်လဲလို့"
"မနက်ဖြန် concert ရှိတယ်တဲ့"
"ဟ အဲ့တာမကောင်းဘူးလား မင်းလဲ seoul မှာဆိုတော့သွားကြည့်ကြတာပေါ့"
"မကောင်းဘူး အီးဟီး မကောင်းဘူး"
"ဘာလို့လဲကောင်းပါတယ် ကောင်းတယ်မဟုတ်ဘူးလား မင်း JungKook နဲ့တွေ့ရတော့မယ်လေ"
"တွေ့တာကနောက်ထား လက်မှတ်မှမရှိတာ ဘယ်လိုကြည့်မှာလဲ အီးဟီး"
"အေးဟုတ်သား လက်မှတ်မှမရှိတာ ဒါများဝယ်လိုက်လေ"
"မင်းပြောမှာလား ဝယ်လို့ရမှတော့ငါအခုလိုထိုင်ငိုမနေဘူး မင်းစဥ်းစားကြည့်လေ show ကမနက်ဖြန်လက်မှတ်ကကုန်ပြီလေ JungKook ကအဲ့လောက်နာမည်ကြီးတဲ့ဟာကို"
တကယ်မျက်ရည်မကျဘဲနဲ့ထိုင်ငိုနေသော Taehyung ကို Jimin လဲမတတ်နိုင်
"ခဏလေး ခဏလေး Taehyung ငါ ငါစဥ်းစားပေးမယ်"
ဟိုဘက်ကုတင်ကနေချက်ချင်းပြေးလာပြီး Jimin ကုတင်ပေါ်မဆန့်လဲအတင်းတိုးကာ
"အားကိုးပါတယ်သူငယ်ချင်းရာငါ့ကိုကယ်ပါ"
"အေးပါအေးပါ အခုမင်းကုတင်မှာမင်းသွားထိုင် ငါဘယ်မှာဝယ်လို့ရသေးလဲရှာပေးမယ် မင်းလဲမင်းဘာ့သာမင်းရအောင်ရှာ"
"အေးအေး"
Jimin ကုတင်ပေါ်ကဆင်းကာ သူ့နေရာသို့သူပြန်သွားသည်
Do Yun ရဲ့ Twitter acc ကိုတောင်းလာခဲ့သည်မှာကံကောင်းသည်ဟုပင်ဆိုရမလား?
YOU ARE READING
𝙼𝚢 𝙿𝚛𝚎𝚌𝚒𝚘𝚞𝚜 𝙸𝙳𝙾𝙻 {COMPLETED}
Fanfictionမချစ်သည်မဟုတ်သော်လဲမုန်းချင်ယောင် ခဏခဏ ဆောင်နေရသော fan လေးတစ်ယောက်အကြောင်း idol အပေါ် idol ထက်ပိုသောချစ်ခြင်းများဖြင့် ချစ်မိသောကြောင့် အသည်းခဏခဏ ကွဲနေရသောကောင်လေး #KimTaehyung ကမ္ဘာကျော် ကောင်မလေးတွေသာမက ကောင်လေးတွေပါသည်းသည်းလှုပ်ချစ်ရပါသော idol #...