One Shot💚❤️

59 11 1
                                    

Outsider....

လူအများစုက ဇာတ်လမ်းတွဲတစ်ခုရဲ့ Main role... leading role နဲ့ supporting role ကဇာတ်ကောင်အများစု ကိုပဲ သတိထားမိတတ်ကြတယ်။
မင်းသမီးက မင်းသားကို တစ်ဖက်သက်ချစ်ကြိုက်တဲ့ ဇာတ်ကြောင်းမျိုးမှာဆို
မင်းသားက မင်းသမီးကို ချေတတ်တဲ့အချိန်တွေ မင်းသားက မင်းသမီးကို လျစ်လျူရှုတဲ့အချိန်တွေ အပြင် မင်းသားက မင်းသမီးကို တိတ်တိတ်လေးခိုး‌ချစ်နေတဲ့ အချိန်မျိုးလည်း ရှိတယ်။
မင်းသမီး အနိုင်ကျင့်ခံရတဲ့ အခြေအနေတွေမှာလည်း မင်းသားဒါမှမဟုတ် ဒုတိယမင်းသား ကရောက်လာတတ်တယ်။
နောက်ဆုံး မင်းသားနဲ့ မင်းသမီး ပေါင်းသွားတဲ့ Happy Ending မျိုးရှိသလို မပေါင်းတဲ့ ဇာတ်သိမ်းခန်းမျိုးလည်းရှိတယ်။

အဲ့ဒီအထဲမှာမှ အားလုံးနီးနီး သတိမထားမိတဲ့ ဇာတ်ကောင်တွေလည်းရှိတယ်။
Main lead လည်းမဟုတ်ဖူး Sec lead လည်း မဟုတ်ဖူး ။ ဇာတ်လမ်းကိုပိုပြီးတတ်ကြွအောင် ဖန်တီးပေးနိုင်တဲ့ လူဆိုးတွေလည်း မဟုတ်သလို မင်းသမီး မင်းသား သူငယ်ချင်းတွေလည်းမဟုတ်ဖူး။
ဒီအတိုင်း ဇာတ်ကောင်သက်သက်ပဲ။

__________________________________

ကျွန်တော် စီနီယာ့ကို ချစ်တယ်။
ကျွန်တော် စီနီယာ့ကို သဘောကျတယ်။
ကျွန်တော် စီနီယာနဲ့ တွဲချင်တယ်။

ကျွန်တော် ရှောင်းကျန့် ဒီနေ့ ဒီဇိုင်းဠာနဖိုင်နယ်ရီးယား က စီနီယာ့ကို ဖွင့်ပြောဖို့ ဆုံးဖြတ်လိုက်ပြီ။
တက္ကသိုလ် စတက်ကတည်းက ကျွန်တော် စီနီယာ့ကို တစ်ဖက်သက်ကြွေလာခဲ့တာ ဒီနှစ်နဲ့ဆို သုံးနှစ်ရှိပြီ။

သုံးနှစ်လုံးစုထားတဲ့အားတွေက အခုတက်ကြွတဲ့ ခြေလှမ်းတွေအဖြစ် ပြန်လည်မွေးဖွားလာခဲ့ပြီ။

ရှောင်းကျန့်စိတ်လှုပ်ရှားလွန်းလို့ ခြေဖျားလက်ဖျားတွေပါ အေးလာသည်။ ဖြူဖြူလွှလွှ ဟူဒီကို တစ်ချက်ဆွဲဆန့်ပြီး မျက်မှန်အဝိုင်းလေးကိုပါပင့်တင်လိုက်သည်။

အားးးး ရင်ခုန်လွန်းလို့ရူးတော့မှာပဲ...

စီနီယာ့ နာမည်က ကျန်းလျန် ။ စီနီယာက ရုပ်ဖြောင့်တဲ့နေရာမှာကော သဘောကောင်းတဲ့နေရာမှာကော နာမည်ကြီးတယ်။ စီနီယာက
ရှောင်းကျန့်တို့ ဒီဇိုင်းဌာနရဲ့ face of group (မျက်နှာဖုံး)ပဲ။

Someone who does not related to the storyWhere stories live. Discover now