အခန်း ၄။ ရှောင်းကျန့်က မူကြိုကလေးလိုပဲ

587 71 4
                                    

အခန်း ၄။ ရှောင်းကျန့်က မူကြိုကလေးလိုပဲ

အခန်းထဲသို့ ရှောင်းကျန့်၀င်လာချိန်မှာ ရိပေါ်က ကုတင်ပေါ်တွင်ခြေဆင်းကာ ပေါင်ပေါ်တွင်laptop ကိုတင်ထားပြီး စာရိုက်နေသည်။

သူ၀င်လာသည်ကိုမြင်တော့ပြုံးကာ ထိုင်စေလိုဟန်ဖြင့် သူ့နံဘေးသို့ ပုတ်ပြလေသည်။

"ကိတ်ကပြီးသွားပြီလား"

"အင်းအအေးခံထားတယ် ဘာရေးနေတာလဲ"

ရှောင်းကျန့်က laptop ကိုကြည့်ရင်း ဘေးမှာ၀င်ထိုင်လိုက်သည်မို့ ရိပေါ်လည်း လက်တစ်ဖက်ကို ရှောင်းကျန့်၏ကျောနောက်ဖက်သို့ဆန့်တန်းစေပြီး ပခုံးကိုဖက်ထားလိုက်သည်။

အနေအထားအရ ရှောင်းကျန့်ဟာ ရိပေါ်၏ရင်ခွင်တစ်၀က်စာလောက်မျှ နေရာယူလို့။

အာရုံအလုံးစုံကို laptop ကိုပို့လိုက်တော့ မြင်လိုက်ရသည်က ရေးနေလက်စ ဇာတ်ညွှန်းတစ်ပုဒ်။ တစ်နည်းအားဖြင့် သူတို့နှစ်ဦး၏ တစ်ချိန်ကချစ်ပုံပြင်ပေါ့။

"မင်းမင်္ဂလာဆောင်တဲ့အခန်းတောင်ရောက်နေပြီပဲ"

"အဲဒီ့နေ့က မင်းလာသေးတယ်မလား"

"ငါထားခဲ့တဲ့စာ တွေ့တယ်မလား"

"အင်း ရေးရင်းနဲ့ မင်းငိုနေခဲ့တာမလား"

အပြန်အလှန်မေးမိကြပြီးနောက် ရှောင်းကျန့်ခေါင်းညိတ်ပြလိုက်တော့ ရိပေါ်က သူ့ပေါင်ပေါ်မှlaptop ကိုဘေးသို့ချထားလိုက်ပြီး ရှောင်းကျန့်၏တစ်ကိုယ်လုံးကို သိမ်းကြုံးကာ ဖက်ထားလိုက်တော့သည်။

"ရိပေါ် ငါ့ကိုတစ်ခါတည်း အသေသတ်နေတာလား လွှတ်စမ်း"

"ဟင့်အင်း ငါမင်းကိုနှစ်ခါတောင်ဆုံးရှုံးခဲ့ရပြီးပြီ ဒီတစ်ခါတော့ မလွှတ်နိုင်တော့ဘူး"

ရိပေါ်ကမလွှတ်ပေးသည့်အပြင် ပိုလို့တိုးကာဖက်ထားတော့ ရှောင်းကျန့်တစ်ယောက် အသက်ရှူကြပ်လာရသည်။

ပိုင်ဆိုင်လိုစိတ်ကြီးလွန်းသည်ဟုလည်း အပြစ်မတင်ရက်ပါ။ သူပြန်အလာကို စောင့်စားခဲ့ရသည်မှာ တစ်ရက်၊ နှစ်ရက်ကလေးမျှမဟုတ်ပါဘဲလေ။

မက်​မွန်​ပွင့်​တို့သက်​​သေတည်​၍ (season 2/COMPLETE)حيث تعيش القصص. اكتشف الآن