[Zawgyi]
December 25_
December လဆိုသလိုပင် ရာသီဥတုသည် သူ့အလေ့အထအတိုင်း လေအေးတဖြူးဖြူး..၊
ဤမျှအေးလွန်းသောကာလတွင်ကောင်လေးတစ်ယောက်သည်အဝတ်ထူထူတို့ကိုဝတ်ပြီးဈေးဝယ်ထွက်လာခဲ့သည်အိမ်အတွက်လိုအပ်တာလေးအချို့ရယ်
သူအရမ်းကြိုက်တဲ့စတော်ဘယ်ရီသီးလေးတွေရယ်ပြီးတော့ chocolate လေးအချို့ရယ်
ဝယ်ချင်တာလေးတွေဝယ်ပြီးသည်နှင့်ခြေလျင်သာအိမ်သို့ပြန်လျောက်လာခဲ့သည်
လက်ချောင်းလေးတွေသည်လက်အိတ်၏အဖော်ပြုခြင်းခံထားရလျက်ပင် အေးမြဲအေးနေသေးသည်
ထိုကောင်လေးသည်ဝယ်လာသောပစ္စည်းများကိုလက်တစ်ဖက်ထဲတွင်ပေါင်းကိုင်လိုက်ပြီး ကျန်လက်တစ်ဖက်ကိုသူ့အင်္ကျီအိတ်ကပ်လေးထဲကိုထည့်လိုက်သည်အေးချမ်းလှသည့်ပတ်ဝန်းကျင်တွင်နှင်းဖြူဖြူတို့ကနေရာအနှံ့လွှမ်းခြုံထားသည်
အေးချမ်းလှသည့်ပတ်ဝန်းကျင်?
ဟုတ်ပါသည်...ပတ်ဝန်းကျင်ကအလွန်အေးချမ်းလွန်းလှသည်
သို့သော်ထိုကောင်လေးရဲ့ရင်ထဲမှာတော့ မအေးချမ်းနေခဲ့ပေ။ကောင်လေးသည်အတိတ်ကအခိုက်အတန့်အချို့ကိုပြန်လည်တွေးမိရင်းပန်းနုရောင်နှုတ်ခမ်းတစ်စုံကွေးညွှန့်မိသည်
ထိုအတွေးလေးတွေကိုပင်အဖော်ပြုရင်းထိုကောင်လေးသည်သူ့အိမ်ရှေ့နားသို့ရောက်လာခဲ့သည်..၊
ခြံတံခါးလေးကိုဖွင့်လိုက်ပြီးခြံထဲသို့ဝင်ရန်ပြင်နေတုန်း
"ထယ်"
ထိုကောင်လေးရဲ့ခြေလှမ်းတွေကရုတ်တရက်ရပ်တန့်သွားခဲ့သည်၊
အညိုရောင်မျက်ဆံတို့လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့သည်"ကိုလား~?"
အနည်းငယ်တုန်ယင်နေသောလေသံငယ်ဖြင့်နောက်သို့လှည့်ကြည့်ရင်းဆိုလိုက်ပေမယ့်.......၊