surrender

3.4K 210 7
                                    

Chaeyoung ဝိုင်၃ခွက်လောက်သောက်ပြီး​ေတာ့အနဲငယ်ပူစပ်ပူလောင်ဖြစ်လာသည်......
ထို့ကြောင့် ဝိုင်သောက်လက်စဖြစ်နေသော jisoo လက်ကိုလှမ်းတားလိုက်ပြီး.....

"Soo မသောက်နဲ့တော့..... ”

"Waee ငါသောက်တာ တစ်ခွက်တောင်မကုန်သေးဘူး....မမူးပါဘူး.....”

"မဟုတ်ဘူး sooya ဝိုင်ကဆေးခပ်ထားတယ်ထင်တယ်.....”

"ဟမ်....???” jisoo ကြောင်တောင်တောင်နှင့် သူသောက်နေသည့်ဝိုင်ဖန်ခွက်ကိုပြန်ချလိုက်ပြီး

"ဘယ်လို.....??”

နဖူးတွင်ချွေးစေးများထွက်နေသည်... chaeyoung က...

"ဟုတ်တယ်.......soo ommaက LiLiနဲ့ အဆင်ပြေစေချင်လို့ ဒီလိုစီစဥ်တာဖြစ်ရမယ်.......…”

သူမစကားကြောင့် Jisoo သူပါအနည်းငယ်ပူလာသလိုခံစားမိသည်...

Chaeyoung ထပ်ဝတ်ထားသည့် အနွေးထည်ကို လှမ်းချွတ်လိုက်ပြီး...

"Sooya..... ပြန်ပါတော့နော်.....” ဟုပြောပြီး သူမအခန်းဆီသို့ဒယိမ်းဒယိုင်တက်သွားသဖြင့်
Jisoo သူမကိုယ်လေးကိုလှမ်းထိန်းလိုက်ကာ

"Chaeအဆင်ပြေရဲ့လား........”

"Soo နင်ကသိပ်မသောက်ထားတော့ အဆင်ပြေမယ်ထင်တယ်...... ငါ့ကို ရေချိုးခန်းထဲ ခေါ်သွားပေးပါလား.....”
သူမ မျက်နှာတစ်ခုလုံးနီရဲနေသည်....
လည်ပင်တွင်လည်းအကြောကလေးများထောင်နေသည်.....

Jisoo သူမကို လှမ်းပွေ့ချီလိုက်တော့
သူမက သူ့လည်ပင်းကို အသာအယာ လှမ်းဖက်လိုက်သည်....
သူမလှမ်းဖက်လိုက်သည့်အထိအတွေ့ကြောင့် Jisoo ခန္ဓာကိုယ် ရှိသွေးများ ဆူပွက်လာသည်.....

Chaeyoung ကိုသူ
ရေချိုးခန်းရှိ bathtubeထဲ ချပေးလိုက်ပြီး ထထွက်ရန်ပြင်လိုက်တော့  chaeyoung ဆီမှ ညီးသံလေးကြားသဖြင့်သူအပြင်မထွက်ဖြစ်တော့ဘဲ.....

သူမမျက်နှာကလေးကိုကိုင်ကာ.....
"Chae......ငါဘာလုပ်ပေးရမလဲ.....ဆရာဝန်ခေါ်ပေးရ.......” သူ့စကားမဆုံးခင်သူမက သူ့နှုတ်ခမ်းလေးကို လှမ်းနမ်းလိုက်သဖြင့် Jisoo လဲ စိတ်များမထိန်းနိုင်ဘဲ သူမကို တုံ့ပြန်အနမ်းပေးနေမိသည်.....

သူမကနမ်းနေရာမှခွာပြီး bathtube မှထွက်လိုက်သည်......
ရေစိုသောအဝတ်များ ကြောင့်  ခန္ဓာကိုယ် ကောက်ကြောင်းလေးများအထင်းသားပေါ်နေသည်.......

Love at first sight 😍Nơi câu chuyện tồn tại. Hãy khám phá bây giờ