[ Unicode ]
မနက်တိုင်း ကိုယ့်ဘာသာကို အိပ်ရာစောစော
မထနိုင်သည့် Uniကျောင်းသား ဖြူဖြူလုံးလုံးလေး ဝမ်ရိပေါ် (ခေါ် )ဝမ်တိတိက Alarm Clock၏အကူအညီနှင့် အမြဲအိပ်ရာထလေ့ရှိသည်။အခုလည်း Alarmမြည်သံကြားသည်နှင့်
အိပ်ချင်မူးတူးဖြစ်နေသော မျက်လုံးအစုံကို
လက်ဖြင့်ပွတ်သပ်ရင်း အားယူကာ ဖွင့်ရလေတယ်။ထို့နောက် တတီတီမြည်ဟီးနေသော Alarm Clockကို ပိတ်ကာ အိပ်ရာသိမ်းလိုက်ပြီး
အရင်ဦးဆုံးရေချိုးခန်းထဲဝင်ကာ ရေချိုးသန့်စင်လိုက်သည်။ဆောင်းရာသီဖြစ်တာမို့ ဝမ်တိတိက သဘာဝအတိုင်းအေးစက်နေသော ထိုရေအေးအေးကြီးကို မချိုးနိုင်။
သ်ို့သော်လည်း အသန့်အပြန့်ကြိုက်လှသည့် ဝမ်တိတိက တနေ့တကြိမ်ရေမချိုးရရင် မနေနိုင်တာမို့ ဘယ်လောက်ပဲခိုက်ခိုက်တုန်အောင် ချမ်းအေးနေပါစေ ရေနွေးစပ်ပြီးတော့ကိုချိုးလေသည်။
ဒီတော့ တိတ်ိရဲ့ဖွားဖွားပြောသည်က..
ရေမချိုးလို့ သေတဲ့မသာ,မရှိဘူး...ရေချိုးလို့သေတဲ့မသာ,ဘဲရှိတယ်တဲ့လေ။အကြောင့် အရမ်းအေးရင် မချိုးဘဲနေပါတဲ့။ဒါပေမဲ့လည်း တိတိက အဖွားကိုအရမ်းချစ်ပြီး အဖွားစကားကို တသွေမသိမ်းနားထောင်တယ်ဆိုပေမဲ့ ရေချိုးတာနဲ့ပတ်သတ်ပြီး
ပြောရင်တော့ တိတိက နားမထောင်နိုင်ပေါင်။အဖွားကိုဆန့်ကျင်ပြီး ရေကိုအဝချိုးလိုက်ရမှ။အဲ့တော့ ဖွားဖွားလည်း ပြောမနိုင်တာနဲ့ နောက်ဆုံး တိတိကို လွှတ်ထားပေးလိုက်ရတော့တယ်။
ရေနွေးစပ်ကာ ရေချိုးပြီးသည်နှင့် ဗီရိုထဲမှ
လည်ပိတ်ဆွယ်တာတထည်က်ိုဆွဲယူကာ၊
ဂျင်းဘောင်းဘီအရှည်လေးနှင့်တွဲဖက်ဝတ်လိုက်သည်။ထို့နောက် အအေးဓာတ်ကြောင့် ခြောက်သွေ့သွေ့ဖြစ်ကာ အနည်းငယ်အရေခွံကွာနေသည့်နှုတ်ခမ်းသားထူထူလေးပေါ် lip balm
ခပ်ပါးပါးလေးဆိုးလိုက်ပြီး ၊ lavender ရနံ့ရှိသင်းပျံ့မွှေးကြိုင်နေသော ရေမွှေးလေးအား ဆွတ်ကာ အားလုံးပြင်ဆင်ပြီးသည်နှင့် လွယ်အ်ိတ်ယူကာ ဝမ်တိတိ အခန်းထဲမှထွက်လာလိုက်တော့သည်။