Ep(22)❣️

1.7K 210 15
                                    

Unicode
"အပြင်က အရမ်းအေးတယ်"

"Yrr Jungkookie အိပ်ချင်ရင် ဟိုဘက်အခန်းထဲသွားအိပ်"

"မအိပ်သေးပါဘူး ခုမှအစောကြီးရှိသေးတာ ခနလှဲတာပါ"

"အဲ့တာဆိုလဲထ ဟိုဘက်အခန်းကို အိပ်ယာသွပြင်ရအောင်"

"ခနလေးပဲကို ဘယ်လိုဖြစ်နေတာလဲ ဘာလဲ ငြိုငြင်တာလား"

"မဟုတ်ပါဘူး"

အိမ်ထဲရောက်ရောက်ချင်း Jimin ကုတင်ပေါ်မှာလာနှပ်နေတဲ့ Jungkook ကြောင့် Jimin ထိုင်ခုံပေါ်သာထိုင်နေရတော့သည်။

"Hyung"

"အင်း"

"ဘာရှိလဲ ဗိုက်ဆာတယ်"

"ဒီမှါ ဘာမှမရှိဘူး ဗိုက်ဆာရင် အပြင်ထွက်စားမှဖြစ်မယ် မစားခဲ့ရသေးဘူးလား"

"အင်း"

မစားခဲ့ရသေးဘူးလို့ပြောတာတောင် Ph သာဆက်နှိပ်နေတဲ့ Jimin ကို Jungkook စိတ်အလိုမကျစွာကြည့်ရင်း အိပ်နေရာမှ ထထိုင်လိုက်သည်။

"Hyung"

"......"

"Hyung....."

"......"

"Jimin!"

"လန့်တာ...ဘာလို့ ဒီလေါက်အော်နေတာလဲ"

"အဲ့တာကြောင့် Hyung လို့မခေါ်ချင်တာ"

"ဘာဆိုင်လို့လဲ"

Jungkook ထိုင်ရာမှ ထရပ်လိုက်ပြီး Jimin လက်ထဲက ဖုန်းကိုဆွဲယူကာ ဘောင်းဘီ အိတ်ကပ်ထဲ ထည့်လိုက်သည်။ပြီးနောက် Jimin လက်ကိုဆွဲကာ တိုက်ခန်းအပြင်ထွက်လာခဲ့သည်။

"Jung..Jungkookie ဘယ်သွားမလို့လဲ"

"ကျွန်တော်ဗိုက်ဆာတယ်ပြောနေတာကို ဘာလို့ ဂရုမစိုက်တာလဲ အိမ်ရှင်မပီသဘူး"

Jimin ခနလောက်တိတ်ဆိတ်သွားသည်။
တိုက်ခန်းအောက်ရောက်သည်အထိ Jungkookက Jimin လက်ကိုလွှတ်မပေးသေးတာကြောင့် Jimin အနေခက်စွာလက်ကိုရုန်းလိုက်သည်။သို့ပေမဲ့ Jungkookက လွှတ်မပေးဘဲ ပို၍ပင်ဆုပ်က်ုင်ထားလေ၏။

"ဟို ..Jungkookie..."

"လွှတ်မပေးဘူးနော် ....ထွက်ပြေးသွားရင်ဘယ်လိုလုပ်မလဲ Hyung ဝယ်ကျွေးရမှာ"

 I've Failed In Your LoveWhere stories live. Discover now