အတန်းတက်ရမယ့် အချိန်ရောက်တော့ မိုးစက်က သူတက်နိုင်တယ်ဆိုတာကြောင့် ဝသန်တွဲပေးပြီး စာသင်ဆောင်ကိုကူးလာခဲ့ရသည်...စာသင်ခန်းထဲရောက်တော့ ကိုယ့်နေရာကိုယ်ဝင်ထိုင်ကာ
"ဟူး....တော်သေးတယ် ဒီနေ့ Bio အချိန်မပါလို့ ပါရင် စာမေးပွဲဖြေရမှာ ငါရေးနိုင်မှာမဟုတ်ဘူး..."
"အင်း တော်သေးတယ် ပိုင်...ဒီနေ့သင်တဲ့ဟာတွေ ငါ ရေးပေးမယ်လေ"
"အာ..ရတယ် သော်ခရေးပေးလိမ့်မယ် သူငါ့ကို ကတိပေးထားတယ်လေ😉" ဆိုပြီး မျက်စိတစ်ဖက်မှိတ်ပြကာ ပြောနေသော မိုးစက်ကိုရယ်ပြပြီးသာ ဝသန်လုပ်စရာရှိတာ လုပ်နေလိုက်သည်..
ခနနေတော့ အင်္ဂလိပ်တီချယ် ဝင်လာလေသည်..."ဟျောင့် သော်ခ ရော့ ငါ့စာအုပ် ဒီနေ့သင်တာတွေ ရေးပေးနော် လက်ရေးလှလှလေးလဲရေးဦး"
"ပေး...ငါသိတယ် သောက်စကားကိုများတယ်" ဆိုကာ မိုးစက်ဆီမှစာအုပ်အားဆွဲယူပြီး အရှေ့ပြန်လှည့်သွားတော့ မိုးစက်လဲဖတ်စာအုပ်ဖွင့်ပြီးသာထိုင်နေလိုက်တော့သည်..
"သော်ခ ငါမင်းအတွက်ရေးပေးရမလား😊"လို့ခွန်းသမေးတော့
"ရတယ်..ငါ့ဘာသာရေးမယ်.."
"သြော်...အင်း...😒"
"ကဲ ကလေးတွေ ဒီနေ့တီချယ်က Chapter 1 ဖြစ်တဲ့ The Wheels ကို တစ်ကြောင်းချင်းဆီသေချာရှင်းပြမယ်..သေချာလိုက်နားထောင်ကြနော်.."
"ဟုတ်ကဲ့ပါ တီချယ်..." ဆိုပြီး တစ်တန်းလုံး ဖြေကာ တီချယ်ရှင်းပြတာကို နားထောင်တဲ့သူက နားထောင် ငိုက်တဲ့သူကငိုက်နဲ့ တစ်တန်းလုံးငြိမ်နေကြတဲ့အချိန်...
"ဖောင်း..💥" ဆိုတဲ့အသံကြောင့်
"အမလေး " အော်တဲ့သူနဲ့ "ဘာဖြစ်တာလဲ" ဆိုပြီးမေးတဲ့သူနဲ့ မိုးစက်တစ်ယောက်ကတော့ ငိုက်နေရင်းနဲ့ လန့်နိုးကာ..
"ဘာလား..ဘာဖြစ်တာလဲ ဗုန်းပေါက်တာလာ..ဝသန်"
ဆိုပြီး ထမေးလေသည်... တီချယ်ရော အတန်းထဲကလူတွေအကုန်လုံးလန့်နေကြတဲ့အချိန်မှာ အနောက်ကနေ ဝဏ္ဏတစ်ယောက် လက်ကလေးထောင်ကာ မျက်နှာငယ်လေးဖြင့်.."တီချယ်..မလန့်ပါနဲ့ သားလုပ်လိုက်တာပါ ပေါင်မုန့်ဖောက်လိုက်တာ အရှိန်လို့သွားလို့ ဟီး😁" ဆိုပြီး ထပြောတော့မှ အကုန်လုံးဝိုင်းရယ်ကြတော့သည်..
"မင်းကတော့နော်..ထိုင်စာရှင်းနေတာကိုသေချာနားထောင်..."
"ဟုတ်ကဲ့ပါ တီချယ်လို့ပြောပြီး.."ပြန်ထိုင်ကာ..
"ဟူး..တော်ပါသေးရဲ့ တီချယ်က သဘောကောင်းလို့" ဆိုပြီး တိုးတိုးလေးပြောကာ မုန့်ခိုးစားရင်း စာနားထောင်နေသည် ... ခနနေတော့"ကဲ နားလည်ကြတယ်မလား တီချယ် အရှေ့က တစ်ခေါက်တိုင်ပေးမယ် လိုက်ဆိုနော်..."