💔Part~12💔[Zawgyi/Uni]

1.1K 89 31
                                    

>>>Zawgyi<<<

Part~12💔

"ကျွန်တော့်ကို ဘာလို့အခုလိုလုပ်ထားကြတာလဲ?"

ကြီးမားထည်ဝါလှသော အိမ်တော်ရဲ့
ဧည့်ခန်းအတွင်း အိမ်ကြီးသခင်နဲ့သခင်မ တစ်နည်း
ရိပေါ်မား နဲ့ပါးက ရိပေါ်မျက်နှာချင်းဆိုင်မှာ
ထိုင်နေကြတယ်။

Yibo Pov:;

မနေ့က မားဆီကအပြန်အိမ်တော်ကို
လိုအပ်တာတွေယူဖို့ လာခဲ့တယ်။
အကုန်ယူအပြီး ပြန်ဖို့လုပ်တော့
တံခါးကဖွင့်မရတော့ဘူး။
ကြည့်ရတာ အပြင်က lock ချထားပုံ။

ဘာလို့လဲ? ဘာဖြစ်တာလဲ?
ဘာအကြောင်းကြောင့်လဲ?
ဖွင့်ပေးဖို့ အကြိမ်များစွာအော်ဟစ်နေပေမယ့်
တစ်အိမ်လုံးတွင် သူတစ်ယောက်ထဲရှိသယောင်။

ကျန့်စောင့်နေလိမ့်မယ်!
အဲ့အတွေးကြောင့် သူ့မှာစိုးရိန်တကြီးထိုင်မရထမရနဲ့။
ဘယ်တုန်းတည်းကစလို့ ကျန့်အတွက်
တွေးပူပန်နေတတ်မှန်းလဲမစဉ်းစားချင်တော့ဘူး။
အခုချိန်မှာမြင်ယောင်မိတာက ကျန့်ညစာမစားပဲ
သူ့ကိုစောင့်နေမယ့် မြင်ကွင်းပဲ။

'အေးစက်တယ်
ဝမ်းနည်းတယ်
နာကျင်တယ်
အထီးကျန်တယ်' 

ဒါတွေ ..ဒါတွေကျန့်ခံစားနေရမယ်လို့
သူဘာလို့ထင်နေရတာပါလိမ့်။

ကြံရာမရတဲ့အဆုံး ဝရံတာကဆင်းဖို့လုပ်တော့
အကြံတွေကို ကြိုသိနေသည့်အလား
ဝရံတာအပြင်တံခါးကလဲဖွင့်မရခဲ့ဘူး။

"အား!!ဘာလို့လဲကွာ!ဘာဖြစ်တာလဲ
ဘာလို့အခုလိုလုပ်ထားတာလဲ??! ဟာကွာ!!"

အသဲအသန်ဖြင့် တံခါးပွင့်ဖို့ကြိုးစားနေဆဲမှာပဲ
ရာသီဥတုက သစ္စာဖောက်တယ်။
လေပြင်းနဲ့အတူ မိုးပါလာတယ်။
လျှပ်စီးအလင်းတန်းနဲ့ မိုးချုန်းသံဟာ
တစ်စတစ်စပိုပြီး ကျယ်လောင်လာတယ်။

လှုပ်ရှားမှုဟာလေထဲမှာရပ်တန့်သွားတယ်.
ရုတ်တရတ်မွန်းကျပ်လာတဲ့ခံစားချက်နဲ့အတူ
ကြားယောင်လာသော စကားသံတွေ ..

"ကျန့်ကျန့်လေးက အမှောင်ကြောက်တယ်သားရဲ့"

"မိုးတွေရွာတော့မယ်ထင်တယ် ပြန်တော့လေသားရဲ့
ကျန့်ကျန့်လေးကမိုးရွာရင်တစ်ယောက်ထဲမနေတတ်ဘူး။
မိုးချုန်းသံတို့ လျှပ်စီးလပ်တာတို့ဆိုအရမ်းကြောက်တာ။"

မင်းပျော်​ရင်​ ...Where stories live. Discover now