(၁)

14.3K 452 14
                                    

Unicode ver
.
.
.

Honey နဲ့ Mommy

episode - 1

မန္တလေးမြို့ရဲ့ မိုးရာသီတစ်ခုတွင်ဖြစ်သည်။

မိုးရာသီဆိုပေမဲ့ တစ်ခါတစ်ရံမှ
သည်းသည်းမဲမဲ ရွာတတ်သည့်မိုးကြောင့်
ဒီနေ့တော့ ခပ်စောစော အိပ်ပစ်မည်ဟုဆိုကာ
Air con ကိုပိတ်လိုက်ပြီး ပြတင်းတံခါးကိုဖွင့်လိုက်သည်။

သွပ်ပြားတွေပေါ် တဖြောက်ဖြောက်ကျနေသည့်
မိုးစက်အသံတွေကို နားထောင်ရင်း
စောင်ခပ်ပါးပါးလေးကိုခြုံကာ ဖက်လုံးလေးကိုဆွဲယူပြီး
မီးလေးကိုပါ မှိတ်လိုက်သည်။

ဒီလို တဖြောက်ဖြောက်နဲ့ ကျနေတဲ့မိုးသံလေးက
မန္တလေးလိုပူပြင်းလွန်းတဲ့ ရာသီဥတုရှိတဲ့ဒေသတစ်ခုအတွက်တော့
ကြားရခဲလှသည့် မိုးသံလေးပင် ဖြစ်တော့သည်။

၅မိနစ်ခန့်ကြာပြီးနောက်

အိပ်မပျော်တပျော်လေးဖြစ်ခါစမှာပေါ့....

ဟွန်းသံနဲ့အတူ ph မြည်သံကပါ
အိပ်ပျော်ကာစ နိုရာ့ကို နှောက်ယှက်တော့၏။

"ဘာလဲကွာ ဘယ်သူတွေလဲ..."

ထိုသို့ ညည်းညူရင်း ph ကိုကိုင်ကြည့်လိုက်တော့
အိပ်ချင်မူးတူးနိုရာတစ်ယောက် မျက်လုံးတွေပြူးကျယ်သွားတော့၏။

ချက်ချင်းပဲ အခန်းလေးထဲကနေထွက်လာလိုက်ကာ
ဆိုင်တံခါးကို သွားဖွင့်ပေးလိုက်မိသည်။

"မှိုဥ ညကြီးကို ဘယ်လိုလုပ်ပြီး...!!"

"ငါ အိမ်ကဆင်းလာတာ
ကလေးခေါ်ပါအုံး "

"နင်ကလဲ မိုးတွေရွာနေတာကိုဟာ...
ကလေး သနားပါတယ် ...ပေး ...ပေး...ကလေး
ကလေးအဝတ်အစားတွေရော အပိုပါလား "

"မပါဘူး"

"ဟာ...ကလေးတော့ အအေးပါတ်တော့မှာပဲ
မိုးတွေမိလာတယ်...."

"အခု ငါက နင့်အိမ်ထဲဝင်ရမှာလား
မဝင်ရဘူးလား "

"ဟာ ...ဘာတွေပြောနေပြန်တာလဲ...
ကလေးက မိုးမိလာလို့ကို "

"ငါက ပိုမိလာတာပါဟဲ့ "

"အေးပါ နင်က ငါ့အဝတ်တွေလဲလို့ရတယ်လေ
ကလေးအတွက်စိုးရိမ်လို့ကို....
ဘာဖြစ်လာတာလဲ..."

Honey နဲ့ MommyWhere stories live. Discover now