ညနေကျောင်းဆင်းတော့ မိုးစက်တို့အဆောင်ပြန်လာကာ ထမင်းစားပြီး အခန်းထဲဝင်တုန်းရှိသေး မိုးစက်အိမ်က ဖုန်းလာတာကြောင့် အမြန်အောက်ဆင်းကာ ဖုန်းကိုင်လိုက်သည်..
"ဟယ်လို...မေမေ.."
"အေး သားလေး အဆောင်မှာနေချင်တာသေချာရဲ့လားကွယ်..မနေချင်ရင်ပြော မေမေတို့ လာခေါ်ပေးမယ်.."
"အာ...အဲ့ကိစ္စပဲပြောမလို့မေမေတို့ဖုန်းကို စောင့်နေတာ သားလေ ဝသန်တို့အိမ်လိုက်နေလို့ရမလားဟင်မေမေ အဆောင်မှာဆိုတစ်ယောက်ထဲဖြစ်နေမှာ ပြီးတော့ ၅ရက်ပဲပိတ်တာဆိုတော့ အိမ်လဲမပြန်လာချင်တော့ဘူး စိတ်မပူပါနဲ့မေမေရဲ့ ဝသန်က သားကို လာလည်ဖို့ခေါ်တာ သူလည်း အိမ်မှာတစ်ယောက်တည်း မို့တဲ့"
"အင်း....သားနေချင်ရင်လည်း သွားနေလေ အရမ်းတော့ မဆော့နဲ့နော်သား မေမေတို့ကို စိတ်ပူရအောင်မလုပ်နဲ့ သူများအိမ်မှာ လိမ်လိမ်မာမာလည်းနေဦး..."
"ဟုတ် မေမေ အဲ့ဒါဆို အုပ်ကြီးကို ပြောပေးဦး တော်ကြာ မေမေတို့လာကြိုတာ မဟုတ်လို့ မထည့်ပဲရစ်နေဦးမယ်..."
"သြော် အေးအေး အုပ်ကြီးကို ဖုန်းလွှဲပေးလေ သား.."
"ဟုတ်" ဆိုကာ အုပ်ကြီးကို ဖုန်ပေးပြီး မိုးစက်တစ်ယောက်အပျော်လွန်နေသည်...သူသင်္ကြန်လျှောက်လည်ရတော့မယ်..အုပ်ကြီးနဲ့မေမေကဘာတွေ ပြောမှန်းမသိပြောနေပြီး ခနနေတော့ အုပ်ကြီးက သူ့ကို ဖုန်းပြန်ပေးတာမို့ ယူလိုက်ကာ..
"မေမေ ချစ်တယ်နော်...ဟီးဟီး.."
"အမလေး လာချွဲမနေနဲ့ သင်္ကြန်လျှောက်မဆော့နဲ့နော်.."
"အယ်...အမ်...ဟုတ် မေမေ မဆော့ပါဘူးမေမေရဲ့.."
"ပြီးရော မနက်ဖြန်ဖုန်းဆက်ဦးနော် ဝသန်လေးတို့အိမ်ရောက်ရင်.ပြီးတော့ မေမေ သားကဒ်ထဲကိုပိုက်ဆံထည့်ပေးလိုက်မယ် လိုရင်ယူသုံးနော်."
"Yes mommy ချစ်တယ် "
"အေးပါ အေးပါ..ဒါပဲနော် သားလေး.."
"ဟုတ် တာ့တာ မေမေ အာဘွား.." ဆိုပြီး ဖုန်းချကာ အုပ်ကြီးကို ရယ်ပြပြီအပေါ်ပြေးတက်လာခဲ့သည်..
"ဟျောင့်တွေ ငါ့မေမေက ဝသန့်အိမ်မှာနေဖို့ ခွင့်ပြုလိုက်ပြီကွ ငါတို့ အစီအစဥ်သေချာပေါက်လေးဖြစ်လာတော့မှာ..."
"ဟိုကောင် အဲ့လောက်အော်မနေနဲ့.."
"မင်းနဲ့ရန်မဖြစ်ချင်ဘူး ငါပျော်နေတယ်အခု 😌"
"😏😏😏"
"မိုးစက် မင်းအဲ့လောက်တောင်ပျော်နေရလား"
"ဟီး ခွန်းသလေးကလည်း ပျော်တာပေါ့ကွ ငါ့သူငယ်ချင်းတွေနဲ့ တူတူ ပျော်ရတော့မှာကို..."