အိုးခွက်ပန်းကန်သံတွေ၊ ဖန်ခွက်ချင်းထိခတ်မိသံနဲ့ တီးတိုးရယ်သံတစ်ချို့က နားထဲဝင်ရောက်လာသည်နှင့် တပြိုင်နက် ကျန့်ကောတို့ မနက်စာ ပြင်ဆင်နေကြပြီမှန်း ရိပေါ် သိလိုက်ပေမယ့် အိပ်ရာမထချင်သေးတာကြောင့် ဆက်မှိန်းနေဆဲမှာပင် မျက်နှာပြင်အနှံ့ထိခတ်လာတဲ့ ကြမ်းရှရှ အထိအတွေ့ကြောင့် ထိုအရာကို တွန်းထုတ်ကာ စောင်ဆွဲ၍ ခေါင်းအထိလုံအောင် ဖုံးလိုက်သည်။
သို့ပေမယ့် ထိုစောင်ကို လက်လေးတဖက်နဲ့ ကုတ်ဆွဲဖယ်နေကာ ခန္ဓာကိုယ်ပေါ်တက်ဖိလာတဲ့ တအိအိ အသံပေးနေတဲ့ လပ်ကီး။ ဆက်အိပ်လို့မရတော့မှန်း သိလိုက်ပြီဖြစ်လို့ စောင်ခွာလိုက်တော့ လပ်ကီးက သူ့နှုတ်သီးလေးနဲ့ ရိပေါ်နှာခေါင်းကို တို့ထိကာ အိပ်ရာထဖို့ ပြောနေသယောင်ယောင်ပင်။ မနက်ခင်းအေးအေးမှာ ဗိုက်ပေါ်တက်နေတဲ့ လပ်ကီးရဲ့ ကိုယ်လုံးလေးကို ပွေ့ဖက်လိုက်ပြီးနောက်
"အစောကြီးရှိသေးတယ်လေ လပ်ကီး။ ဘာလုပ်ချင်လို့လဲ"
လပ်ကီးက ပြန်မဖြေ။ အင်းလေ ဖြေမှမဖြေတတ်ပဲ၊ သို့ပေမယ့် ဘာလုပ်ချင်လို့လဲဆိုသည့် မေးခွန်းနောက်မှာတော့ ရိပေါ် အပေါ်က ခုန်ဆင်းပြီးနောက် အခန်းထောင့်က ဘောလုံးလေးကို ယူဆောင်၍ ကြမ်းပြင်ပေါ်ချထားကာ ရှေ့လက်နှစ်ဖက်နဲ့ ၀ပ်ပြပြီး အမြှီးလေး တလှုပ်လှုပ်လုပ်ပြလာသည်။
"အိုကေ ဘောလုံးကစားမယ် ဟုတ်ပြီလား ။ ခဏစောင့် နောက်တစ်ယောက်ခေါ်လိုက်ဦးမယ်။"
ပြောပြောဆိုဆို တဖက်ကုတင်ပေါ် ခေါင်းအုံးတစ်ခြား၊ ခေါင်းတစ်ခြား ခြေကားယား လက်ကားယားနဲ့ အိပ်နေတဲ့ ယွီပင့်ကို နှိုးလိုက်သော်လည်း ဗလုံးဗထွေး ပြန်ပြောသံနဲ့အတူ ခြေထောက်တဖက်နဲ့ လှမ်းကန်လာသည် မျက်လုံးကတော့မဖွင့်လာ။ ထို့ကြောင့် ကုတင်ပေါ်မှ ရိပေါ်အပြေးဆင်းကာ ယွီပင်ခြေရင်းဘက်သို့သွားပြီး စောင်ကို ဆွဲလှပ်၊ ခြေထောက်တဖက်မှနေ၍ ကြမ်းပြင်ပေါ် ဆွဲချလိုက်ချိန်မှာတော့ ဘုတ်ခနဲပြုတ်ကျသံ၊ ယွီပင်ရဲ့ဆဲသံနဲ့ လပ်ကီးရဲ့ဟောင်သံတချို့က တပတ် ၄ ကြိမ်လောက် မိမိတို့ အခန်းမှ ထွက်နေကြအသံများပင် ဖြစ်သည်။
YOU ARE READING
Follow The Command - S4
FanfictionFic Name - Follow The Command (S4) Fanfiction အမျိုးအစား Written by choyee6 Fic cover by - Wang Qiu All description are already mentioned in previous seasons