Unicode
ကျောင်းနားခံထားရလို့အိမ်မှာ သောင်တင်နေတာ 10 ရက်လောက်ရှိပြီဖြစ်တဲ့ သူရိန်က အိပ်လိုက် စားလိုက် TV ကြည့်လိုက်နှင့်ဇိမ်ကျနေသည်။ ဦးဝေ ရှိတဲ့အချိန်တွေဆို ကျက်စရာမရှိတဲ့ စာတွေရှာကြံလှန်လှော ကျက်ပြနေရပြီး ကျန်တဲ့အချိန်တွေ ဘာမှမလုပ်ပါ။
သူများတွေ mobile legend တွေ PUBG တွေဖြစ်နေချိန် game မဆော့ရဆိုတဲ့အမိန့်ကြောင့် နောက်ဆုံးပေါ် ပန်းသီးတစ်ခြမ်းဖုန်းလေးထဲ ဂိမ်းနဲ့တူတာဘာမှမရှိပေ။ ခုချိန်ဇေသူရိန် ကလေးနဲ့ အသီးခွဲဂိမ်းပြိုင်ဆော့တောင်ကြိမ်းသေရှုံးလောက်သည်။ အဲ့ဒါကြောင့် ဂိမ်းဆော့ရင်းအချိန်ဖြုန်းလို့လဲမရ။ သူငယ်ချင်းတွေအပြင်သွားဖို့လာခေါ်ကြပေမယ့် ကျောင်းနားခံထားရပြီး အပြင်ထွက်လည်ဖို့ ဦးဝေကိုခွင့်တောင်းရဲလောက်သည့်သတ္တိ မရှိသေးသည်ကြောင့် အိမ်တွင်သာ ငြိမ်ငြိမ်ကုပ်ကုပ်လေး နေ နေရသည်။
ဆိုဖာ နောက်မှီပေါ် ခြေထောက်တင်ပြီးထိုင်တဲ့ခုံပေါ် ပက်လက်လှန်ရင်းဇောက်ထိုးကြီးအိပ်နေပြီး အပျင်းတစ် နေတုန်း ခြံဝမှ ဝင်လာတဲ့ကားသံကြောင့် နားစွင့်လိုက်မိသည်။ ဒါဦးဝေ ကားသံမဟုတ်တာကြိမ်းသေသည်။ ထပြီး ထွက်ကြည့်မိတော့ မြင်လိုက်ရတဲ့ ပန်းဆီရောင် တောက်တောက် belta ကားလေးကြောင့် သူရိန်ပြူးပျာသွားရသည်။ ဒီနေ့တော့မဖြစ်ပါ။ ဦးဝေ နေ့တစ်ဝက်နှင့်ပြန်လာမည်ပြောထားသည်လေ။ နာရီလှမ်းကြည့်မိတော့ အချိန်က 11 နာရီခွဲနေပြီ။
ကားပေါ်ကဆင်းလာသူက ကျောလယ်လောက်ရှိတဲ့ဆံပင်ကို ကော်ဖီရောင်ဆိုးထားပြီး ပိတောက်ခြောက်ရောင် အကျီလက်ပြတ်နှင့် ဒူးအတိရှိသည့်စကဒ်ကိုဝတ်ထားပြီး ဖြူဖွေးသည်ထက် ပန်းရောင်ဘက်ပြေးနေသည့်အသားအရည် ပိုင်ဆိုင်ထားသည့်သူ။ ခပ်တင်းတင်းဖြစ်နေသည့်မျက်နှာက ချောမောသည့်ရုပ်ရည်နှင့်မလိုက်ဖက်စွာပင်။ ကားတံခါးကိုခပ်ဆောင့်ဆောင့်ပိတ်ပြီးရောက်လာသူက ဇေသူရိန် ၏ အသက် 8 နှစ်ကွာသော တစ်ဦးတည်းသောအစ်မ ခေတ် ရွှန်းသူ။အရင်တုန်းက သိန်း 500 ကျော်တန်ကားမှ စီးပါတယ် ဆိုတဲ့ မမ က အခု belta ကားလေးသာ စီးလာပေမယ့် လှပကျော့ရှင်းနေတဲ့ အလှကတော့ ကျ မသွား။ သူရိန့်အစ်မအရင်းတစ်ယောက်ဖြစ်သည့်သူက အိမ်ထိရောက်လာသည်ကို သူရိန် ပြာယာခတ်သွားရသည့်အကြောင်းအရင်းသည် ဦးဝေအိမ်လာဖို့ခွင့်ပြုထားသည့် သူထဲ မမ မပါ၀င်သည်ကြောင့်ဖြစ်သည်။
KAMU SEDANG MEMBACA
သက်ဆိုင်သူ (Unicode+Zawgyi)
Fiksi Umumpunishment type ပါ။ အဆင်ပြေတယ်ဆိုမှဖတ်ပါ။