Font : Zawgyi
"မှော်ကာတဲ့ဖောင်တိန်ကဘာကိုဆိုလိုတာ?"
လင်းခန့်ကျော်လမ်းလျှောက်ရင်းစဉ်းစားနေမိတယ်။ပြီးတော့မှမနေ့ကအဖြစ်အပျက်ကိုသတိရသွားပြီး "သြော်" လို့ထအော်မိလိုက်တယ်။
"ဟုတ်တယ်လေ။ဒါကြောင့်ဟိုလူကငါ့ကိုနီးနီးလေးပစ်တာကိုမထိတာ။ပြီးတော့လေပေါ်ပျံနေတဲ့မီးလုံးကြီးကရပ်နေတာဒါကြောင့်ကိုး။အဲ....နေဦး။ဒါပေမယ့်ဘာလို့အမ်ဘာရဲ့ရေခဲကငါ့ဆီသက်ရောက်နေရတာတုန်း။"
"ဟေး....ကျော်ကြီး"
ဆိုင်ဝကအမ်ဘာရဲ့ခေါ်သံကြောင့်အတွေးစပြတ်သွားတယ်။ဘာလိုလိုနဲ့သူဆိုင်နားတောင်ပြန်ရောက်လာပြီပဲ။
"ဆိုင်ထဲလာခဲ"့
အမ်ဘာကသူ့ကိုခေါ်ပြီးဆိုင်ထဲပြန်ဝင်သွားတယ်။သူလဲခပ်သွက်သွက်လေးလိုက်ဝင်လိုက်တယ်။ဆာနေပြီလေ။သူမနက်ကတည်းကဘာမှမစားရသေးဘူးကို။ဘီယာကအမြည်းတွေလဲဟိုစောင်ကြွားသေမင်းကအကုန်စားသွားလေရဲ့။
ဆိုင်ထဲဝင်လိုက်တော့ဆိုင်ကလူစည်နေသား။နေ့လည်စာစားချိန်မို့ထင်တယ်။အမ်ဘာကထိုင်နေရာကနေသူ့ဝိုင်းဆီလာဖို့လှမ်းခေါ်တယ်။ဝိုင်းမှာအမ်ဘာအပါအ၀င်ကောင်မလေး၂ယောက်ပါထိုင်နေတာတွေ့တယ်။သူခပ်သွက်သွက်လေးသွားထိုင်လိုက်တယ်။
ဘာမှစကားမစခင်လင်းခန့်ကျော်အရင်စားစရာမှာတယ်။စားစရာရောက်လာတော့မှအမ်ဘာကစကားစတယ်။
"လူကြီးမင်းတို့။ဒါကငါတို့ရဲ့စွန့်စားသူအဖွဲ့ဝင်အသစ်။လင်းခန့်ကျော်လို့ခေါ်တယ်။ကျော်ကြီးလို့ခေါ်ဖို့တော့ငါ့ကိုသူမူးမူးနဲ့ပြောဖူးတယ်။"
"အဟွတ်..."
လင်းခန့်ကျော်အစာနင်သွားတာ။
"ငါနင်တို့အဖွဲ့ထဲဝင်မယ်လို့ဘယ်တုန်းကပြောဖူးလို့!"
"မပြောဘူးလေ။ငါရွေးလိုက်တာ။ကဲ...အချင်းချင်းနှုတ်ဆက်ကြ။လီလီနဲ့အန်နာတဲ့။"
ကျော်။ ။ နေဦး။ငါ့ကိုအဖွဲ့ထဲဝင်စေချင်ရင်ပိုက်ဆံအရင်ချေး။
အမ္ဘာ။ ။ ဘယ်လောက်လိုလို့လဲ?
ကျော်။ ။ ၂ထောင်လောက်။
YOU ARE READING
WHAT'S WRONG WITH GOD!?
AdventureAuthor: reigami Genre: Comedy,Adventure,Fantasy #OwnCreationType