❀. ကြာငယ် .❀
မူးဝေနေတဲ့ခေါင်းကိုဖိနှိပ်ကာ အမြင်မကြည်သေးတဲ့ပုံရိပ်ကို အားစိုက်ရင်းကြည့်မိသည်..
စစချင်းမြင်ရသည်က..
"မောင်..."
"ကော..."
အလျင်ဆိုသလို ကျွန်တော့်ဘေးနားရောက်လာကာကုတင်ပေါ်လွှဲထိုင်ချလိုက်တဲ့မောင်...
"မောင်.."
"ကော..နေရတာသက်သာရဲ့လား..ဘယ်နားကောအဆင်မပြေတာရှိသေးလဲ"
စိတ်ပူနေတဲ့မောင်မျက်နှာလေးကိုတုန်ရီနေတဲ့လက်ဖဝါးနဲ့အတူထပ်တူကျစေရင်း...
"ပိန်သွားတယ်"
"ဟင်!!"
"မောင်ပိန်သွားလိုက်တာ"
ရုတ်တရက်ဆိုသလိုလှုပ်ရှားလိုက်တဲ့မောင်ကြောင့်အသက်ရှူပင်တစ်ခဏတာရပ်စေသွားတယ်..
မောင်က သူ့ပါးပေါ်က ကျွန်တော့်ရဲ့လက်ဖဝါးလေးကိုကိုင်ပြီးနမ်းလိုက်သည်တဲ့လေ...
"လွမ်းနေခဲ့တာ"
ဘုရားရေ..မောင်က ကျွန်တော့်ကိုသတိရတယ်တဲ့လေ..
ဝဲတက်လာတဲ့မျက်ရည်တွေက မထိန်းနိုင်ခင်မှာပဲ ပါးပြင်ပေါ်သို့စီးကျသွားသည်..
"ဟာ...ကော..မငိုနဲ့လေဗျာ..ဘာလို့လဲဟင်..ခေါင်းအရမ်းကိုက်နေလို့လား..မငိုပါနဲ့နော်..."
ကျွန်တော့်မျက်ရည်တွေကိုပြာပြာသလဲသုတ်ပေးနေတဲ့မောင်က အရင်က ကျွန်တော်မျက်ရည်ကျမကို သေမလောက်ကြောက်သည့်မောင့်ပုံစံပင်..
ပါးပြင်ပေါ်က ကျွန်တော့်မျက်ရည်တွေကိုမောင့်လက်ချောင်းလေးတွေနဲ့ ဖွဖွလေးသုတ်ဖယ်ပေးနေသည်က ကျကွဲတတ်သည့်ကြွေအိုးကို ယုယနေသောသူပမာ..
"မောင်..."
လွမ်းခဲ့ရသည်ထိုလူသားအားဖက်တွယ်မိတော့ ချက်ချင်းပင် ပြန်ဖက်တွယ်လာသည်လေ..
"မောင်..ထားမသွားပါနဲ့နော်..."
စိတ်ထင်သည်ပဲလားမသိ ကျွန်တော်ပြောလိုက်တဲ့စကားကြောင့် မောင်ဖက်တွယ်ထားသည်က ပိုတင်းကြပ်လာသလို..
YOU ARE READING
❀.ကြာငယ်.❀ « ℳ𝓎 ℒℴ𝓉𝓊𝓈 » Completed
Fanfictionနောက်ဆုံးတစ်ခေါက်လောက်ပြောပါရေစေနော်... ကော အရမ်းချစ်တယ်မောင်