Unicode
"ဘုတ်"နားထဲကအသံကြောင့် Jungkook နိူးလာခဲ့သည်။ဘေးကိုတစ်ချက်ကြည့်တော့ Jimin ကရှိမနေ။လက်ကနာရီကြည့်တော့ 5:30။Jimijထသွားပြီလား။ဘာပဲဖြစ်ဖြစ်စောသေးတာမို့ မျက်လုံးပြန်ပိတ်အိပ်လိုက်သည်။ပြီးမှစောစောက အသံကိုသတိရသွားပြီး Jimin ကုတင်ထောင့်နားကိုယ်ကိုရွေ့လိုက်ပြီး ကုတင်အောက်ကိုငုံ့ကြည့်လိုက်တော့ ဟော စောင်တွေနဲ့ လုံးထွေးနေတဲ့ အကောင်ပေါက်။Jimin က်ုလက်လေးနံ့အသာတို့ကြည့်တော့ ဟိုက တုတ်တုတ်တောင်မလုပ်။
"Hyung.... Hyung"
"Hyung"
"Jimin!"
"အင်း"
Jimin ဆိုမှအိပ်ချင်မူးတူးအသံနဲ့ ပြန်ထူးတော့၏။ထိုအသံလေးကြောင့် Jungkook ပြုံးလိုက်မိသေးသည်။
"ကုတင်ပေါ်ပြန်တက်ဦးလေ"
"အင်း"
၅မိနစ်လောက်ရှိပြီ အင်းလို့သာပြောနေတာ ခုထိ ကုတင်ပေါ်မရောက်သေးဘူး။
"Jimin အဲ့မှာပဲ အိပ်နေတော့မှာလား"
"အင်း"
"ပြီးတာပဲ"
Jungkookခေါင်းအုံးနဲ့စောင်ယူကာ Jimin ဘေးနားသွားအိပ်လိုက်သည်။ထိုအခါ Jimin က မျက်လုံးလေးဖွင့်ပြီးကြည့်သည်။
"Jungkookie ဘာတွေလုပ်နေတာလဲ"
"အကြီးက အောက်မှာအိပ်နေတာ ငရဲကြီးမှာစိုးလို့လေ"
Jimin မျက်လုံးတွေပြူးလာပြီး ရုတ်တရက် ထထိုင်လိုက်သည်။
"Jungkookie အပေါ်မှာတက်အိပ်"
"အဲ့တာဆို Hyung လဲတက်လေ"
"အင်း"
နှစ်ယောက်သားတူတူပြန်ထကာ ကုတင်ပေါ်ပြန်တက်ကြသည်။Jungkook ကသူ့နေရာနဲ့သူငြိမ်ငြိမ်လေးအိပ်နေပေမဲ့ Jimin မှာပေါ့ ဟိုလှိမ့်ဒီလှိမ့်နှင့်အိပ်မပျော်တာကြောင့် ထလာခဲ့သည်။မျက်နှာသစ်ပြီး တိုက်ခန်းအောက်ဆင်းကာစားစရာနဲနဲပါးပါးဝယ်သည်။တိုက်ခန်းပြန်ရောက်သည်အထိJungkook ကမနိုးသေး။ဗိုက်ဆာလို့ Jungkook ကိုစောင့်မနေဘဲ အရင်စားနှင့်မယ်လို့လုပ်ပြန်ရင်လည်း မနေ့ညကလို ပြန်စားခိုင်းနေရင်ဒုက္ခ။အခန်းထဲသွားကြည့်ပြန်တော့လဲ ကိုယ်တော်ချောက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဆဲ။အာခုမှသတိရတယ်။Jungkook နိုးလာမှာကိုစောင့်ရင်းနဲ့ မနေ့ညက Ph သွားပြန်ရွေးရမယ်။Jimin နောက်တစ်ခေါက် အပြင်ပြန်ထွက်ကာ ခေါက်ဆွဲဆိုင်လေးဆီသွားသည်။ဆိုင်ရောက်တော့ ဆိုင်က ပြောတာက မနေ့ညက ဟိုအကိုက ပိုက်ဆံကို ကတ်နဲ့ရှင်းသွားပြီး Ph ပြန်ယူသွားပါတယ်တဲ့လေ။ဒါကြောင့် မနေ့ညက ဆိုင်ကထွက်လာပြီး ခနဆိုပြီပြန်ဝင်သွားတာကိုး။သူကအလကားသက်သက်မောရပြီ။တွေ့မယ် ဒီအကောင်တော့။