(Unicode)
နာကျင်မျက်ရည်(Only Love)-37
မေသူ နဲ့ မင်းခ တို့ နှစ်ယောက် အအေး အတူသောက်နေတုန်းမှာ ကားတစ်စီးက ဆိုင်ရှေ့တွင် လာရပ်သည်။
နှစ်ယောက် စလုံး ကားကိုကြည့်နေစဉ်
ကားပေါ်မှ ရှိုင်းနှင့် ခင်ဝတ်မှုံတို့ အဝူဆင်းလာတာတွေ့လိုက်ရသည်။မေသူက မဲ့ လိုက်ပြီး စားပွဲအောက်ကနေ
မင်းခကို လက်တို့လိုက်ကာ လေသံ ခပ်တိုးတိုး နှင့်"မင်းခ... နင် ဟန်မပျက်စေနဲ့နော်.. . မျက်နှာကို ခပ်တည်တည် ပဲနေ...ဟု သတိပေးသည်။
မင်းခက လည်း ခေါင်းကို မသိမသာ ညိတ်ပြလိုက်ပြီး သူတို့ဆီ သို့ လာနေသော ရှိုင်းတို့ကို စူးရဲစွာ ကြည့်နေသည်။
" မင်းခ နဲ့ မေသူ...တို့တွေ ဒီဝိုင်းမှာပဲ ထိုင်မယ်နော်...ရတယ်မဟုတ်လား..." ခင်ဝတ်မှုံက ပြောတော့ မေသူက မဲ့ လိုက်ပြီး စိတ်ထဲကနေ
" ကျက်သရေတုန်းလိုက်တာဟယ်...ပြောတဲ့ အသံကို က ရုံးပတေသီးလိုချွဲပျစ် နေတာပဲ... ငါထပြီး လာမထိုင်နဲ့ သွား...ဆိုပြီးမောင်းထုတ်ပစ်လိုက်ချင်တာ..." ဟုပြောနေမိသည်။
"ရတော့ ရပါတယ် ဝတ်မှုံ... အနှောင့်အယှက်တော့ နည်းနည်းဖြစ်မလားလို့..." မင်းခက
မျက်နှာတည်တည် နှင့်ပြောလိုက်ရာ" အို...မဟုတ်တာ...ရပါတယ်...သူငယ်ချင်းတွေပဲဟာ...ဝတ်မှုံတို့ ချစ်သူ နှစ်ယောက် အတွက် အနှောင့်အယှက် မဖြစ်ပါဘူး...." ခင်ဝတ်မှုံက ပြန်ပြောသည်။
" မဟုတ်ပါဘူး ဝတ်မှုံ... ငါပြောချင်တာက နင်တို့ချစ်သူနှစ်ယောက် အတွက်တင်
မဟုတ်ဘူး...ငါတို့ ချစ်သူ နှစ်ယောက် အတွက်ပါ အနှောင့်အယှက် ဖြစ်မလားပြောတာ..." မင်းခ စကား က ခင်ဝတ်မှုံ ကို အတော်လေး ထိသွားစေသည်။မျက်နှာကြီးက လည်း ညို့ မှိုင်းသွားသော မိုးသားတွေလို ဖြစ်သွားကာ
" ဟုတ်ပါပြီ... ဝတ်မှုံတို့ ဟို ဘက်ဝိုင်းမှာပဲ ထိုင်လိုက်ပါ့မယ်...ဒါနဲ့ မင်းခ နဲ့ ဝတ်မှုံတို့က ဘယ်တုန်းက ..." ခင်ဝတ်မှုံရဲ့ စကားမဆုံးခင်မှာပဲ မေသူက ဝင်ပြီး
YOU ARE READING
နာကျင်မျက်ရည်(Only Love)(BL Story)(Completed)
Romanceလူတစ်ယောက်နဲ့ တစ်ယောက် ချစ်ဖို့ လိုအပ်တာ က အချစ်သည်သာ