[ဖတ်မကုန်တဲ့စာအုပ်]
December 25,
Ryan ရဲ့ ၂၈နှစ်ပြည့်မွေးနေ့ဟာ သိပ်ကိုထူးဆန်းနေတယ်။ ငွေတွေအများကြီးပေးပြီးဘိုကင်ကြိုယူရတဲ့ နာမည်ကြီးစားသောက်ဆိုင်တစ်ခုရဲ့ခေါင်မိုးထပ်က နှစ်ယောက်စာစားပွဲဝိုင်းမှာ သုံးယောက်ဖြစ်နေတာအမြင်သိပ်မလှဘူး။ စားပွဲခင်းအနီပေါ်မှာ ဖယောင်းတိုင်အနီလေးတွေထွန်းညှိထားတယ်။ Christina က အနီရောင်ဖယောင်းတိုင်တွေကိုနှစ်သက်တယ်လေ။ အသားတွေကို burn လုပ်ထားတဲ့အနံ့ပြင်းပြင်းက လေထုထဲနေရာယူနေတယ်။ ဝိုင်နီနီတွေကိုထည့်ပေးပြီးတဲ့အခါ christina က လက်ချောင်းလှလှလေးတွေနဲ့ကိုင်မြှောက်ထားပြီဖြစ်ပေမယ့် တစ်စုံတစ်ယောက်ဟာအကျႌအနားစတွေကိုလုံးချေရင်း အလုပ်ရှုပ်နေရှာတယ်။ ဒါကိုသတိထားမိသွားတဲ့Ryanက သက်တန့်ရဲ့လက်ချောင်းတွေကိုဖျစ်ညှစ်တယ်။
ငုံ့ထားရာကနေမော့လာတော့ နေရာစိမ်းမှာထိတ်လန့်နေတဲ့မျက်နှာကိုတွေ့ရတယ်။
မျက်စိရှေ့ကမိန်းမလှလေးဟာ Ryan ရဲ့ချစ်သူဆိုတာသိနေပေမယ့် ချစ်သူနှစ်ဦးရဲ့Romantic dinner လေးမှာ အမှိုက်လိုကပ်ပါလာခဲ့ရတာအားနာတယ်။ တကယ်တော့ Third ဆိုတဲ့ကောင်လေးနဲ့တွေ့ချင်ပါတယ်လို့ christina ကတောင်းဆိုထားတယ်ဆိုတာကို သက်တန့်မှမသိရသေးဘဲလေ။
အေးစက်နေတဲ့စားပွဲဝိုင်းက မီးရောင်နီနီတွေကိုကြောက်နေတာလား။ မူမမှန်တဲ့ညစာစားဝိုင်းမှာ သက်တန့်အသက်ရှူရခက်တယ်။ Ryan ရဲ့ ကုတ်အရှည်အနားစကိုဆွဲပြီး သက်တန့်ကစကားတိုးတိုးတစ်ခွန်းပြောလိုက်မိတယ်။
"i wanna go home"
သက်တန့်ရဲ့စကားသံကတိုးပေမယ့် တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ကြောင့် အသံကသိပ်ရှင်းတယ်။ သူစကားပြောပြီးတာနဲ့အရှေ့ကမိန်းမလှလေးဆီကနေ ရယ်သံအေးအေးလေးထွက်လာတယ်။ ဂီတာကြိုးတွေကိုလှုပ်ခတ်လိုက်ရင်မြည်လာတဲ့သံစဉ်ချိုလိုပဲ။ ဖြူသွယ်သွယ်လက်ချောင်းတွေကိုနှုတ်ခမ်းပေါ်ကွယ်အုပ်ရင်း ပခုံးလေးတွေလှုပ်တဲ့အထိရယ်နေတာကိုကြည့်ရင်း သက်တန့်ငေးမိသွားတယ်။ ရွေရောင်ဆံနွယ်အခွေလေးတွေနဲ့သူမဟာ disney ကာတွန်းကားတွေထဲမှာပဲမြင်ရတတ်တဲ့ မင်းသမီးလေးလိုပဲ။