Part 15

6.3K 616 13
                                    

Zawgyi

Tae Hyung အထုတ်ဖြည်ပြီး ပစ္စည်းတွေနေရာတစ်ကျစီနေလိုက်သည် ။

အကုန်နေရာချပြီး Sofa ပေါ်ကိုထိုင်ချလိုက်ပြီးသက်ပြင်းချလိုက်တယ် ။

သူဒီလိုရက်စက်တဲ့အလုပ်တွေမလုပ်ချင်တာတော့အမှန်ပင် ။ ဒါပေမယ့် သူမိသားစုအတွက် သူမလုပ်ချင်ပေမယ့်လဲ လုပ်ရမည် ။ ဒါသူ့မိသားစုအတွက် သူရင်ဆိုင်နိုင်ရမယ် ။

USA မှာ ဦးလေးပြောပြတုန်းက သူအရမ်းလန့်သွားခဲ့တာ ။ Jung Kook ရဲ့အဖေက ကျွန်တော့ရဲ့ မိဘတွေကိုသတ်ခဲ့တာတဲ့လေ

အစကသူမယုံခဲ့ပေမယ့် ဦးလေးပြောနေတာကြောင့် သူယုံခဲ့တယ် ။ သူဦးလေးကိုယုံတယ် ဦးလေးကသူ့ကိုဘယ်တော့မှမလိမ်ဘူးဆိုတာသူသိတာမို့ သူဦးလေးကိုယုံတယ် ။

"Jung Kook Ya !!"

"ဗျာ ပြောလေ Jin Hyung"

"ငါတို့တော့ပိုကီသွားစားရအောင်လေ"

သူ့ရဲ့လက်မောင်းကိုချိတ်ပြီးပြောလာတဲ့ Jin Hyung ကြောင့်သူပြုံးလိုက်မိတယ်

"အွန်း တစ်ဖွဲ့လုံးသွားရအောင်လေ"

"မင်းဝယ်ကျွေး"

"Haha ဟုတ်ပါပြီသွားကြတာပေါ့"

Jin Hyung ကချက်ချင်းသူ့လက်က်ုဖြုတ်ချကာအော်ပြီးပြေးထွက်သွားတယ်

"ဟေးးးးးJung Kook ကတော့ပိုကီဝယ်ကျွေးမယ်တဲ့ မြန်မြန်ပြင်ဆင်ပြီးထွင်လာခဲ့ကြတော့"

Jin Hyung ရဲ့အော်သံကိုကြားပြီး Nam Joon လှဲနေရာကနေငေါက်ကနဲထထိုင်လိုက်တယ်

"ဝိုးးးးဗိုက်ဆာနေတာနဲ့အတော်ပဲ လာပြီလာပြီ Hyungရေ "

"ဟယ်တစ်ကယ်ကြီးလား Jung Kook ကလေ"

Ho Seok ကအံ့ဩတစ်ကြီးနဲ့လှမ်းမေးတယ်

"ဟုတ်တယ် !!! ခုနကလေးတင်ပြောတာ"

"အမလေးပျော်ထှာအေ !!!"

"နေပါဦး Jin Min နဲ့ Yoongi ရော ??"

"သူတို့နှစ်ယောက်မနက်ကအပြင်ထွက်သွားတာတွေ့တယ် ထူးဆန်းတယ်အခုတစ်လောတစ်ပူးပူးတစ်တွဲတွဲနဲ့"

Nam Joon ကပြောတယ်

"omm ထားလိုက် သူတို့ထိုက်နဲ့သူတို့ကံ ငါတို့စားရဖို့အရေးကြီးတယ်"

You Are My Every Things ||°KV°|| [ Completed ]Wo Geschichten leben. Entdecke jetzt