ထိုနေ့ညစာ သည် Ella၏ ပူဆာသံများနှင့်စတင်ခဲ့ကြသည်။ Hanbin က အီထယ်ဝန်မှ Jenအထုတ်ကို အစောကပင် လာပေးသွားတာမို့ ညစာ စားပြီးမှJenရေ ချိုးရမည်ဖြစ်သည်။
"နင့်မား ဟို ဟာလေးဖဲ့ပေးအုံး"
"နင့်မား ဟိုဟာကအသားတုံးလား Ellaစားချင်တယ်" Ellaက မျက်စိရှေ့ရှိ ဝက်နံရိုးပေါင်းနှင့် ကြက်ကြော်အပြင် စားပွဲပေါ်ရှိရှိသမျှ အစားအစာမှန်သမျှကို ကျွေးဖို့တောင်းဆိုတိုင်းJisoo မငြင်းပေ။ စားပွဲတွင်ထိုင်စားနေသည်မှာ Jenပင် ထမင်းကုန်လုနီးနီးဖြစ်သော်လည်းJisooက တစ်လုတ်မျှပင် မသွင်းရသေး။ ကြက်သားတစ်တုံးကို အသားသေချာ ဖဲ့ယူရင်း Ellaကို စိတ်ရှည်စွာခွံ့ကျွေးနေသည့် jisoo ကိုJen မသိမသာ အကဲခတ်လိုက်သည်။ Ellaကိုတော့Jisooက အတော်ပင် အလိုလိုက်ထားဟန်တူသည်။Jisooကနံရိုးပေါင်းမှအရိုးကိုဖယ်ထုတ်ရင်း Ellaကို ထမင်းအလုတ် သေးသေးလေးဖြင့် ခွံ့ကျွေးပြန်သည်။
"ကြီးကြီး.....မနက်က ငါးစွပ်ပြုတ်ရောEllaကြိုက်လို့ ညကျ ပြန်သောက်မယ်လို့ပြောထားတာလေ "Ellaက Jenနှင့်မတူ။ ငါးစွပ်ပြုတ်ကို အသေအလဲကြိုက်သူဖြစ်သည်။ အခုမှ ဟင်းကို သတိရသွားဟန်နှင့်မေးတော့.."နင့်မား သွန်ပစ်ခိုင်းလိုက်တာ"jisooက ဆလပ်ရွက်ထဲသို့ နံရိုးအသားကို ထည့်ရင်းပြောလိုက်သည်။
"ဟာ!! နင့်မားကလည်းElla ကအဲ့တာကြိုက်ပါတယ်ဆို "
"မကောင်းတော့လို့ Ellaရဲ့ အခုလည်း အသားအများကြီး စားနေရတာပဲကို"
"မနက်က လုပ်ထားတာကို ည မကောင်းဘူးဆိုတာ မရှိဘူးနော် နင့်မားအကျင့်ပုတ်ကြီး"
"မကြိုက်တဲ့သူရှိလို့ပါ အိုမားဘက်ထရီလေးရဲ့ ရော့ ဆလပ်ရွက်လေးနဲ့ အသားလေးစားလိုက်အုံး"
မကြိုက်တဲ့သူဆိုသည်မှာ မိမိကိုပြောနေမှန်း Jen သဘောပေါက်သည်။ထိုစဥ်ကjisooသည် သူမ၏ပုံစံခွက်ထဲတွင် အသားကျအောင် ခိုင်းစေခဲ့ဖူးသည်မလား။
"Unnieမကြိုက်တာလား နင့်မား"
Jisoo မဖြေ။"Ella ထပ်စားအုံးမလား"
YOU ARE READING
My mom lover is my sister
خيال (فانتازيا)အိပ်မက်တို့က လှပသလောက် လက်တွေ့တည်ရှိမှုက အကျည်းတန်နေသလို ဘယ့်နှယ်... ကိုယ့်မွေးစားသမီးကိုမှ အပိုင်လိုချင်တယ်တဲ့လား