အပိုင်း🦋၃၄🦋

1.4K 189 15
                                    


""ဦးချစ်သော အမွှေစိန်လေး""(BL)
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
အပိုင်း🌺၃၄🌺

""သုန်သုန်..နင် ဘာဖြစ်နေတာလဲ..တွေ့ကတည်းက.မျက်နှာကြီးကို ဖြီးနေတာဘဲ..ဘာလဲ..နင်ထီပေါက်လို့လားဟင်..""

ရတီက..သုန်သုန်ကို ထိုသို့ မေးလိုက်တော့ သုန်သုန် အူမြူးစွာ ထရယ်လိုက်လေသည်။

""ရတီရယ်...ပေါက်ပေါက်ရှာရှာ..
မဟုတ်ပါဘူး.ဟ..""

""အဲ့ဒါဆို..ဘာလဲ..ပြောပြစမ်းပါဟာ.မနေ့ညကတော့..အသည်းကွဲပြီး အရက်တွေတောင်သောက်နေတဲ့သူက..ဒီနေ့ကျတော့ ပြုံးလို့ ရွှင်လို့ဆိုတော့..တစ်ခုခု ဖြစ်ခဲ့တာမလား..‌""

""အင်း..အကြီးကြီးကို ဖြစ်ခဲ့တာ..ဟ..ငါနဲ့ ဦးချစ်သူ‌တွေ
ဖြစ်သွားကြပြီ .""

""ဘုရားရေ...နင်ဘဲ မနေ့ညကပြောတော့ .ဦးဆီမှာ လက်ထပ်ရမဲ့ သူရှိနေပြီဆို. ""

ရတီ အထိတ်တလန့်နှင့်မေးလိုက်သည်။

""အင်း..အဲ့ဒါတော့ ဟုတ်တယ်..ဒါပေမယ့်.ဦးက အဲ့အမျိုးသမီးကို လက်ထပ်မှာ မဟုတ်ဘူးတဲ့...နောက်ပြီး အဲ့ကိစ္စကလဲ ဦးသဘော ဆန္ဒမပါဘဲ ဦးရဲ့မိဘတွေက စီစဉ်ခဲ့ကြတာတဲ့ .အဲ့ကိစ္စနဲ့ပတ်သက်ပြီးဘဲ..ဦးအိမ်ကနေထွက်လာခဲ့တဲ့ဟ.."""

""ဪ..အင်းပါ ..ဟဲ့ နေစမ်းပါဦး..နင်တို့ဟာကလဲ.မမြန်လွန်းဘူးလား..နင့်ကို ဦးက ချစ်တယ် လို့ ဖွင့်ပြောတုန်းက နင်ဘက်က နည်းနည်းပါးပါးလေးတောင် မမူလိုက်ဘူးလား..ဟဲ့ .""

""ဟီး...ဟီး..မူဖို့နေနေသာ..ငါဘက်ကအရင် မနေ့ညကမူးမူးနဲ့ ဦးကို ချစ်တယ်လို့ ဖွင့်ပြောလိုက်မိတာဟ...""

""မြတ်စွာဘုရား...နင်က အရင် ဦးကို ချစ်တယ်လို့ ဖွင့်ပြောလိုက်တာ..ဟုတ်လား..""

""အင်း..""

""အရင်က အမွှေစိန် ဘယ်ရောက်သွားတာလဲ .သုန်သုန်ရယ်..နင်မပီသလိုက်တာဟယ်.."

""ဘယ်တတ်နိုင်မလဲ ရတီရယ်.ငါ .ဦးကို တကယ်ကြီး ချစ်မိသွားတာဟ..အရင်တုန်းက စည်သူနဲ့ ချစ်ခဲ့တာထက်ကို ပိုတယ်...ဦးနဲ့ တွေ့ရင် ငါရင်တွေ အရမ်းခုန်တယ်..နောက်ပြီး တစ်အိမ်တည်း အတူတူနေနေရတာတောင်..ဦးနဲ့မတွေ့ရအချိန် နည်းနည်းလေးမှာတောင် ငါ ဦးကိုအရမ်း လွမ်းနေမိခဲ့တာဟ...""

ဦးချစ်သော.အမွှေစိန်လေးDonde viven las historias. Descúbrelo ahora