❀. 10 .❀

9.8K 853 60
                                    

Uni

❀. ကြာငယ် .❀

မောင်..
တစ်လုံးထဲရှိတဲ့ထိုအက္ခရာလေးက မောင့်အတွက်ကျွန်တော်တန်ဖိုးအထားဆုံးနာမ်စားလေးသာ..

သိရဲ့လားတောင်မသိဘူး...

ကျွန်တော်လေ မောင့်ကိုသိပ်ချစ်တာ..

အရာရာတိုင်းအားနည်းတဲ့ကျွန်တော့်ကို မောင်တချိန်က ကာကွယ်ပေးခဲ့တယ်..

အရာရာတိုင်းအောက်ကျခံခဲ့ရတဲ့ ကျွန်တော့်ကို မောင်တစ်ချိန်က ခေါင်းမော့ရင်ကော့ခိုင်းစေခဲ့တယ်..

အခုကျတော့ ကျွန်တော့်အားနည်းချက်တိုင်းကိုမောင်ကဖိနှိပ်နေတယ်..

ကျွန်တော့်အောက်ကျို့ခံနေရတာကလည်းမောင်ဆိုတဲ့ကျွန်တော်ချစ်ရသူဖြစ်နေတယ်..

အရာရာတိုင်းမတည်မြဲဘူးဆိုတဲ့စကားကသိပ်ကိုမှန်တယ်နော်မောင်...

မနေ့တနေ့ကသိပ်ဂရုစိုက်ပေးခဲ့တဲ့မောင်..အခုကျစာတစ်စောင်ချန်ရစ်ပြီးပြစ်သွားတာသုံးရက်ရှိနေပြီ..

နာကျင်မှု့တွေထပ်လာဦးမယ်ဆိုတာမောင့်နှလုံးသားလေူကသတိပေးနေရဲ့မောင်...

နေ့လည်နေ့ခင်း မောင်ပြန်အလာစောင့်နေတဲ့ကျွန်တော် TV လေးကိုဖွင့်ထားမိသည်..

အဲ့အတွက်နောင်တရသည်ဟုဆိုရမလားမသိ..

TV မှာလာနေတဲ့သတင်းလေးက ကျွန်တော့်ကိုလှောင်ပြောင်နေသလို...

"၀မ်ဥက္ကဌ၏မင်္ဂလာပွဲ "တဲ့လေ..

Remove ကိုင်ထားတဲ့လက်တို့ကတုန်ရီနေပြီး မျက်၀န်းတွေကလည်း မျက်ရည်တွေပြည့်နှက်လို့..

"မောင်...တောင်းပန်ခဲ့တာဒါအတွက်များလားဟင်"

ခြေမခိုင်တော့တဲ့အဆုံး ထိုနေရာမှာပဲထိုင်ချမိလိုက်တော့သည်...

တစ်စိမ့်စိမ့်ကျလာတဲ့မျက်ရည်နဲ့အတူ နာကျင်တဲ့နှလုံးသားလေးကိုဖိကာ တအားအားငိုကြွေးရင်း ကြမ်းပြင်ကိုအရူးတစ်ယောက်လိုထုမိနေသည်...

"မောင်လုပ်ရက်လိုက်တာ...ကောကိုမောင်သိပ်လုပ်ရက်တာပဲ"

​ကောကိုအရယူခဲ့ပီးမှ နောက်တစ်ယောက်နဲ့လက်ထပ်လိုက်တာလားမောင်ရယ်..

❀.ကြာငယ်.❀ « ℳ𝓎 ℒℴ𝓉𝓊𝓈 » CompletedWhere stories live. Discover now