ဝူရှင်းကျီ အတွက် ဤကဲ့သ်ို့ ငြင်းပယ်ချိန် လည်းမရလိုက်သလို ကန့်ကွက်နိုင်စွမ်းလည်း မရှိသော အခြေအနေမျိုးတွင် စစ်သူကြီး ကွမ်း ၏ ပြောင်းရွှေ့လာမှုကြီးက အကြံပေးဝူအား မွန်းကျပ်စေသည်။
အလှလေးတစ်ယောက်ရဲ့ မျက်နှာသာပေးမှုက ဝန်ထုပ်ဝန်ပိုး အဖြစ်ဆုံးပဲ ဆိုတဲ့ အဆိုစကားလိုပါပဲလား။
ဝူရှင်းကျီ ၏ ရင်ထဲတွင်ဖြစ်ပေါ်နေသည့် ဝေခွဲမရသော ခံစားချက်ပေါင်းများစွာက သူ၏အရိုးထဲထိ စိမ့်ဝင်နေသည့်အလား။ ဒီပုံအတိုင်းဆိုလျှင်တော့ သူ ဖန်းအဖွဲ့ ဆီ ဘယ်လိုမှ သွားတော့မည့်ပုံမပေါ်တော့ပေ။ ကွမ်းရှန်ကျင်းက သူ့နောက်ကနေ တစ်ကောက်ကောက် စားလည်းအတူ အိပ်လည်းအတူ ခုံရုံးသွားရင်တောင် နောက်ကနေ လိုက်ပါလာသည်။ အစတွင်တော့ တရားသူကြီးမင်းက လူပို မလာရဟု အမိန့်ထုတ်ရန်ကြံစည်ထားသည်ဖြစ်သော်လည်း ရှန့်ကျင်း ကို တွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ဆွံ့အသွားပြီး ချက်ချင်းပင် အားရဝမ်းသာစွာ ကြိုဆိုပါတော့သည်။
"အစ်ကို ဟိုင်ဝမ်"
"လီကျန့် ပါလား"
ကွမ်းရှန်ကျင်း တစ်ယောက် ခဏတာ အံ့ဩမှင်သက်သွားသော်လည်း ချက်ချင်းပင် ပြုံးလ်ိုက်သည်။
ဘေးမှာ ရပ်ကြည့်နေသော ဝူရှင်းကျီမှာတော့ စပ်စုချင်စိတ်များသာ ဖြစ်လို့နေသည်။ သူ့အထက်လူကြီးဖြစ်သော တရားသူကြီးမင်းအား စစ်သူကြီး နှင့် ဘယ်လိုပတ်သက်ကြောင်း တစ်ခါမျှ မမေးမိသော်ငြားလည်း ယခုပုံစံနှင့် ဆိုလျှင် သူ၏ နောက်ဆုံးသော ခံတပ်ဖြစ်သည့် ခုံရုံးပါ ကျရှုံးသွားပြီဖြစ်ပြီး ဤ ကြီးမြတ်လှစွာသော စစ်သူကြီးပေါက်စ၏ ကောင်းမှုကြောင့် သူ ပြေးစရာမြေ မရှိတော့ပေ။
အကြံပေးဝူမှာ တုန့်ဆိုင်းနေသော ခြေလှမ်းများဖြင့် သူ၏ ရုံးခန်းထဲသို့ ဝင်လာသည်။ ထို့နောက် သက်ပြင်းတစ်ချက်ဖြင့် ဘယ်နေရာမှာများ အမှားလုပ်မိလိုက်သနည်းဟူ၍ သူ့ကိုယ်သူ သုံးသပ်နေမိသည်။
စာအုပ်တွေထဲမှာရေးထားသည်က ရာထူးအဆင့်အတန်းမြင့်တဲ့သူတွေဆိုတာ သူ့လို အညတရ သာမန် လူတွေနဲ့ အပျော်သဘောသာ သဘောထား ဆက်ဆံသည်ဟုပင်။ ဂရုဏာသက်တာမျိုးတို့ ခင်မင်တာမျိုးတော့ ရံဖန်ရံခါရှိတတ်သော်လည်း ခွဲခွါဖို့လည်း ဝန်မလေးဟုဖတ်ဖူးသည်။
YOU ARE READING
မိတ်ဖွဲ့ချင်ရင် ခိုစာပို့ဖို့ သတိရ ( မြန်မာဘာသာပြန် )
HumorStory Title မိတ်ဖွဲ့ချင်ရင် ခိုစာပို့ဖို့ သတိရ ( မြန်မာဘာသာပြန် ) မိတ်ဖွဲ့ချင်ရင် ခိုစာပို့ဖို့ သတိရ ( မြန်မာဘာသာပြန် ) Type Web Novel (CN) Genre Comedy , Romance , Yaoi Author Hei Dan Bai English Translators Crd to Vipnovel E transalator Status ...