အခန်း ၅။ ၀မ်ရိပေါ်တစ်ယောက် အပြစ်ပေးခံရပြီ!!!

566 74 2
                                    

အခန်း ၅။ ၀မ်ရိပေါ်တစ်ယောက် အပြစ်ပေးခံရပြီ!!!

တစ်လခန့်ကြာသော်.....

နံနက်မိုးလင်းချေပြီ။ နေရောင်ခြည်နုနုက မှန်ပြတင်းမှဖြတ်ကာ အခန်းထဲသို့ တဖြည်းဖြည်းချဉ်းနင်း၀င်ရောက်လာသည်။ တစ်ယောက်သူမှာတော့ အိပ်ပျော်နေဆဲသာ။

ရိပေါ်က နှစ်ခြိုက်စွာအိပ်ပျော်နေပုံရသောရှောင်းကျန့်ကို ဘေးတစောင်းလေး ငေးကြည့်နေရင်း မြတ်နိုးစိတ်တို့က ထိန်းချုပ်မရတော့သည့်အခါ ပါးပြင်ဖွေးဖွေးထက် အနမ်းတစ်ပွင့်ကို ခိုးကာပေးမိတော့သည်။

"ထောင်ဟွား"

"ဟင်"

နွေးထွေးသောအထိအတွေ့နှင့်အတူ နားအနားကပ်ကာ ခေါ်လိုက်သံကြောင့် အိပ်ရာမှနိုးသွားရသော်လည်း အိပ်ချင်မူးတူးဖြစ်နေဆဲရှောင်းကျန့်က မပီမသပြန်ထူးသည်။

မျက်လုံးတစ်စုံကတော့ လုံးလုံးပိတ်ထားဆဲသာ။ ရိပေါ်လည်းသဘောတကျဖြင့်ပြုံးလိုက်ကာ နောက်တစ်ကြိမ်ထပ်မံ၍ နမ်းရှိုက်ပြန်သည်။ နိုးသွားပြီဆိုသော်လည်း ရှောင်းကျန့်၏ မျက်လုံးအစုံကတော့ ပိတ်ထားဆဲသာ။

လွန်ခဲ့သည့်ညက ထပ်မံရိုက်ကူးမည့် ဇာတ်လမ်းကိစ္စကြောင့် အိပ်ရေးပျက်သည်မှာ နှစ်ယောက်စလုံးဆိုသော်လည်း ရိပေါ်ကနိုးလာပြီးနောက်မှာ ပြန်အိပ်လို့မရတော့ပေ။

သည်တော့ ဆက်အိပ်ချင်နေသေးသူ ရှောင်းကျန့်ကိုသာ နှောင့်ယှက်လေတော့သည်။ ဘယ်လိုစနောက်ရင်ကောင်းမည်လဲတွေးတောရင်း အကြံဉာဏ်တစ်စုံတစ်ရာက ခေါင်းထဲ၀င်လာပြီးသည်နှင့် ရိပေါ်ဟာ လှဲနေရာမှထထိုင်ကာ ဦးတည်လိုက်သည်က ရှောင်းကျန့်၏ ခြေသလုံးနားဆီသို့။

နတ်ဆိုးတစ်ကောင်လိုအပြုံးက သူ့မျက်နှာတွင် ပေါ်ပေါ်လာခဲ့ပြီးနောက် အပြစ်မဲ့ရှာသော ရှောင်းကျန့်၏ခြေသလုံးမွှေးလေးများမှာ တစ်ပင်ပြီးတစ်ပင် ဆက်တိုက်အနှုတ်ခံလိုက်ရတော့သည်။

"ရိပေါ်ရာ ငြိမ်ငြိမ်နေစမ်းကွာ"

အိပ်ချင်မူးတူးဖြင့်ပြောလိုက်သော ရှောင်းကျန့်၏စကားကို ရိပေါ်က အဖက်မလုပ်ပါ။ အာရုံအလုံးစုံက သူနှုတ်လိုက်သည့် ခြေသလုံးမွှေးများကို လက်ဖဝါးထဲထည့်ကာ ရေတွက်ခြင်းဆီသို့ရာက်နေသည်။

မက်​မွန်​ပွင့်​တို့သက်​​သေတည်​၍ (season 2/COMPLETE)Donde viven las historias. Descúbrelo ahora