Zawgyi
ကျွန်တော့်.....နာမည် ....ဝမ်ရိပေါ်
ကျွန်တော့်မှာ .....သိပ်ချစ်ရတဲ့
ကိုကိုတစ်ယောက်ရှိတယ်
ပြောရရင်တော့.. ကျွန်တော့ ..အမျိုးသားပေါ့
ကျွန်တော်တို့ရဲ့ ..အိမ်ထောင်သက်တမ်းဟာ
ငါးနှစ်ရှိပြီ
ကျွန်တော်နဲ့ကိုကို့ရဲ့ ...အချစ်သက်သေအဖြစ်
သားလေး ..ရှောင်ရိကျန့်ကို .ကျွန်တော်ကိုယ်တိုင်
ကိုကို့ ...ဘဝထဲကို ...ခေါ်သွင်းခဲ့တာ
ခုဆို... သားလေးက ၄နှစ်ရှိလို့ ...စကားလေးတွေ
တီတီတာတာပြောတတ်နေပြီလေကျွန်တော်တို့ရဲ့ အိမ်ထောင်ဟာ မပြောင်းလဲပေမဲ့
ကိုကိုဟာ.... ပြောင်းလဲနေပြီ
အရင်လို ....ကျွန်တော့ကို ...မချစ်တော့ဘူး
အရင်က.... စကားချိုချိုလေးတွေနဲ့....
ကျွန်တော့် ...အသဲနှလုံးကို
ဖမ်းစားတတ်တဲ့ .....ကိုကိုဟာ...
ခုတော့ ...ကျွန်တော့် ...အပေါ်ကို
သွေးအေးနေပြီလေ"ပါးပါး ဘာတွေတွေးနေတာလဲဟင်"
ရိပေါ်တစ်ယောက် ကုတင်ပေါ်တွင်
ငိုင်ကာ ထိုင်ပြီး စဉ်းစားနေတုန်း
သားသားလေး က မေးလေသည်သားရယ် ...ပါးပါးက... ဘယ်လိုဖြေရမှာလဲ
သား ...ဒယ်ဒီက... ပါးပါးကို
မချစ်တော့တာကို.... သားကို ..ပါးပါး
ဘယ်လိုဖြေရပါ့မလဲ
ခုလည်း ......ကြည့်လေ.... ဒီနေ့က
ပါးပါးတို့ရဲ့အိမ်ထောင်သက်
5နှစ်ပြည့်.... နှစ်ပတ်လည်နေ့လေ
သားဒယ်ဒီက .....အမှတ်မရတဲ့ အပြင်
အလုပ်ကို..... သွားတာတောင်.... ပါးပါးကို
ပြောမသွားဘူး
သူ့ဘဝမှာ.... သားနဲ့.....ပါးပါးနဲ့က
အရေးမပါတော့ဘူး.....ထင်ပါရဲ့"ဘာရယ်မဟုတ်ပါဘူး သားရယ် လာပါဉီး
သားလေးက ပါးပါးဆီကို"
ချစ်ရသောသားလေးကို ရင်ခွင်ထဲလာရန်
လက်လေးကို ဆန့်တန်းပေးလိုက်သည်ရှောင်ရိကျန့်လေး ရင်ခွင်ထဲ ရောက်တော့
"ပါးပါး ငိုနေတာလားဟင်"ရိပေါ် လည်း ..သားလေးပြောမှ ...သိမိသည်
ကိုကိုနဲ့ ..ပတ်သက်ရင် ..သူဟာ
အမြဲ.. အဲ့လိုပဲ ..ကိုယ်တိုင်မသိလိုက်ဘဲနဲ့တောင်
မျက်ရည်က ...အလိုလို...ကျနေတာကိုကိုရေ... ကျွန်တော်နဲ့ ...သားလေးက
ကိုကို့ ..ဘဝမှာအရေးမပါတော့ဘူးဆိုရင်တောင်
ကျွန်တော်တို့ကို ...စွန့်တော့မပစ်လိုက်ပါနဲ့နော်
ကျွန်တော်က ..ကမ္ဘာကြီးပျက်စီးသွားရင်တောင်
ကိုကို့ ..အနားမှာပဲ... ကပ်တွယ်နေမှာမို့
ကိုကိုနဲ့ ..ပဲ ..တူတူရှိနေပါရစေ
YOU ARE READING
💚I want you back💚(One Shot)
Fanfiction"အရင်ကလို နွေးထွေးတဲ့ ကိုကို့ကို ပြန်လိုချင်တယ်"