New Year Special part

454 80 6
                                    

(Unicode)

တောင်ပေါ်လေအေးအေးက ဖြည်းညင်းစွာ တိုက်ခတ်လို့နေလျက်။ ညမှာအစာရှာထွက်သည့် အကောင်လေးများ၏ အော်မြည်သံတို့ကိုလည်း တစီစီကြားနေရသည်။

လေညှင်းနှင့်အတူ လှုပ်ခတ်နေသည့် ဝါးရွက်တို့နှင့် ရေတံခွန်မှ ရေစီးကျနေသံတို့က သာယာစွာထွက်ပေါ်နေသော ပုလွေသံကို ပံ့ပိုးတီးခတ်ပေးနေသည့်နှယ်။ စိတ်ပျော်ရွှင်ဖွယ်ကောင်းလှပါ၏။

ဝါးတဲအိမ်လေးရှေ့မှာတော့ ရိပေါ်က ကျောက်စိမ်းပုလွေကို အာရုံအပြည့်ဖြင့် စည်းချက်ကြကြ မှုတ်နေပြီး ရှောင်းကျန့်ကတော့ မျက်လုံးအစုံကိုမှိတ်ကာ သက်၀င်ခံစားနားဆင်နေလေသည်။

"မင်းလက်ရည်မကျသေးဘူးပဲ"

ပုလွေသံစဉ်လေး၏အဆုံးမှာ ထွက်ရှိလာသည်က ရှောင်းကျန့်၏ ချီးမွမ်းမှုမမည်သော ချီးမွမ်းသံလေးသာ။

"မင်းကိုလွမ်းတိုင်း မင်းသဘောကျတဲ့...."

ရိပေါ်၏စကားဟာ အဆုံးထိမရောက်လိုက်ပါချေ။ နူးညံ့နွေးထွေးသည့် နှုတ်ခမ်းလွှာလေးကြောင့် ရပ်တန့်သွားရသည်။ သို့သော်ငြား ထိသည်ဆိုရုံလေးသာမို့ အချိန်ကတော့ဖြင့် မကြာလိုက်ပါချေ။

"လိမ္မာတယ် ၀မ်းနည်းစရာတွေ ထပ်မပြောကြေး"

ရှောင်းကျန့်သည် ဖျတ်ခနဲနမ်းပြီးသည်နှင့် ရိပေါ်၏ပေါင်ပေါ်ခေါင်းအုံးကာ ကောင်းကင်ကြီးကို မျက်နှာမူလိုက်သည်။

"ဒီည တိမ်တွေ သိပ်မရှိဘူးပဲ"

သည်ညက နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးမည့်ည။ New Year ညကိုမြို့ထဲမှာ ကုန်ဆုံးလျှင် ပို၍ ပျော်စရာကောင်းမည်ဆိုသော်လည်း သည်တဲအိမ်လေးကိုသာ ရွေးချယ်မိကြသည်။

ရိပေါ်ဟာ သူမရှိဘဲ နှစ်ပေါင်းများစွာ ကုန်ဆုံးလာခဲ့ရသည်မို့ သည်နှစ်မှာတော့ New Year ညလေးကို အတူရှိပေးချင်မိသည်လေ။

"ရိပေါ်"

"ဟင်"

"ဒီည ကြယ်လေးတွေ တအားလှတာပဲနော်"

ရိပေါ်က ရှောင်းကျန့်ရဲ့စကားကို လက်ခံဟနမတူ။ သူ့မျက်၀န်းအစုံက ရှောင်းကျန့်၏မျက်နှာကိုသာ တမြတ်တနိုးငုံ့မိုးကာ ကြည့်လို့နေလျက်။

မက်​မွန်​ပွင့်​တို့သက်​​သေတည်​၍ (season 2/COMPLETE)Tempat cerita menjadi hidup. Temukan sekarang