အခန်း - ၉

25.8K 2.4K 39
                                    

Unicode

တုတ်ကိုပစ်ချပြီး အိမ်သို့ခပ်သွက်သွက်ပြန်လာခဲ့သည်။မဟုတ်တာအလုပ်လွန်သွားလို့လားမသိ ပစ်တိုင်းထောင် ‌မိုးတွင်ကြီးလက်ဆီထွက်နေခဲ့သည်။

အိမ်ပြန်ရောက်ရင် ဘယ်လိုပြန်ပြောရမည်ကိုသူမသိ။သူလက်ချက်ဖြင့် ခင်သောင်းမှာလည်း သေသလား၊ရှင်သလားပင်မသိ။အကယ်၍များ....အကယ်၍များ....ခင်သောင်းသေသွားရင်။အား....ငါလူသတ်သလိုဖြစ်သွားပြီပေါ့။ဒါပေမဲ့ ငါ့အပြစ်တစ်ခုတည်းလည်းမဟုတ်ဘူးလေ။သူငါ့အင်ကျီ ကြယ်သီးတွေ ဘာလို့လာဖြုတ်လဲ။စဥ်းစားကြည့်လိုက်‌ေတာ့ ကြယ်သီးလာဖြုတ်တာနဲ့တင် သူထိုသို့လုပ်မိလိုက်မည်မထင်။ခင်သောင်း၏အကြည့်တွေ။မျက်လံးထဲမှ တဏာရာဂများယိုစိမ့်‌ေနသည်မှာ ဖြတ်ရိုက်ချင်စရာပင်။ ဒါသူအရင်စတာ ပစ်တိုင်းထောင်ကို လာစရင်တော့ ဒီလိုပဲ ဇာတ်သိမ်းရမှာပဲ။

ခြံထဲသို့ခြေသံခပ်ဖွဖွနှင့်ဝင်ပြီး။အခြေအနေအားအကဲခတ်ကာ ပစ်တိုင်းထောင် အိမ်နောက်ဖက် စပါးကျီထဲမှဝါးလှေကားယူပြီး သူ့အခန်းရှိပြတင်းပေါက်ဆီသို့ လှေကားဖြင့်တက်ခဲ့လေသည်။ဖေဖေ ဒီနေ့ပင်အိမ်ပြန်ရောက်မည်ဟု ကြားသောကြောင့် စိတ်ချလက်ချနှင့်နောက်ကျကာပြန်ခဲ့ခြင်းဖြစ်သည်။အမေဖြစ်သူ အဖေဖြစ်သူ၏ ဝေယျာဝစ္စများအားလုပ်ပေးရင်း သူအိမ်ပြန်မရောက်သေးသည်ကို သတိမရလောက်ဟူသောအမှတ်ကြောင့်ပင်။

အခန်းထဲသို့ရောက်ရောက်ခြင်း အခန်းတံခါးချက်အားအရင်ချသည်။‌ထို့နောက်မှ ပြတင်းပေါက်နားသို့ပြန်သွားပြီး ဝါးလှေကားအားဆွဲယူကာ အခန်းထဲရှိဗီရိုနောက်သို့ ထည့်ကာဖွက်ထားလိုက်သည်။နောက်နေ့မှပဲသွားပြန်ထားတော့မည်။ပြတင်းပေါက်နားသို့ တရွေ့ရွေ့သွားကာ ဝိုင်းစက်ပြည့်ဝန်းနေသောလမင်းကြီးအား လှမ်းကြည့်ကာဆုတောင်းမိသည်။

ခိုးပြေးသွားသော မမသော်တို့စုံတွဲ အစစအရာရာအဆင်ပြေချောမွေ့ပါစေ။...လို့။

>>>>>

" သား ဘုန်းမြတ်ရေသွားပါပြီ။သွားပါပြီ။ အမလေးလေး ..... "

နံနက်ခင်းစောစောစီးစီ သူကြီးအိမ်၌ ‌ငိုသံများနှင့်စီဝေလျက်။

သူကြီးကတော်(BL)Tahanan ng mga kuwento. Tumuklas ngayon