Part -(14)

2.6K 262 7
                                    

သစ်တောအုပ်လေးထဲက ကျေးငှက်သံလေးတွေ
တကျွီကျွီအသံတွေကြောင့် အိပ်ရာမှနိုးထလာတယ်။
ဘေးနားက ဖက်ထားတဲ့ကိုယ်နွေးနွေးလေးကတော့
ဆက်အိပ်နေသေးတာကြောင့် ကိုယ်ပေါ်ဖက်ထားတဲ့
လက်လေးကို ဖြည်းဖြည်းလေးဖယ်လိုက်ပြီး
အိပ်ရာမှထဖို့အလုပ် ပါးဖောင်းလေးတွေနဲ့ပါးစပ်လေးဟပြီး
အိပ်နေတဲ့ပုံလေးကို မျက်လုံးအကြည့်ကရောက်သွားတာကြောင့်
ခနကြာအောင်ကြည့်နေမိသေးသည်။
အချိန်တန် ဒီနေရာလေးကနေ ထွက်သွားရရင်
ဒီလိုနေသားကျနေတဲ့ပုံစံကနေ
ရုန်းထွက်ရဖို့ ခက်ခဲနေတော့မှာ အသေချာပင်။

ဆံနွယ်မျှင်လေးတွေက
မျက်နှာလေးပေါ်ကျရောက်နေတာမလို့
ဆံပင်တွေကို မျက်နှာပေါ်က ဖယ်ပေးလိုက်မိပြန်တယ်။
သူ့မျက်နှာပေါ်က အထိအတွေ့ကြောင့်ထင်တယ်
ရိပေါ်က မျက်လုံးဖွင့်လာတော့သည်။

" နိုးပြီလား "

" ဟင်... အင်း နိုးနေပြီ "

" ငါညတုန်းက မင်းရဲ့ဓားအကြောင်းကို
စဉ်းစားကြည့်ပေမဲ့ စဉ်းစားလို့မရဘူး
ဖတ်ထားတဲ့စာအုပ်တွေထဲမှာလဲ အဲ့လိုအကြောင်းမျိုးမရှိဘူး
အဲ့ဒါ..ဓားပေးတဲ့သူကိုပဲ မေးကြည့်ပါလား"

" အင်း...
ဒါနဲ့ ဓားအကြောင်း စဉ်းစားနေရလို့
နောက်ကျမှ အိပ်တာလား"

" အင်း...အဲ့လိုဖြစ်သွားတယ်
ငါမျက်နှာသွားသစ်လိုက်အုံးမယ်"
ရိပေါ် ရေအိုးရှိရာကို သွားလိုက်သည်။

နောက်မှ ရေခွက်သယ်လာတဲ့ ရှောင်းကျန့်က
" ဓားအကြောင်းက အဲ့လောက်အရေးမကြီးပဲနဲ့...
ဟူ၍ ပွစိပွစိနဲ့ပြောနေသည်။

လီဂျုက မနက်စာလာပို့ပေးတော့
သုံးယောက်သား မနက်စာကို အိမ်ရှေ့လေးမှာပဲ
စားလိုက်နေကြသည်။
စားနေရင်းမှာပဲ ရှောင်းကျန့်က

" စန်း ရွာကို ဘယ်လိုသွားရလဲ အကိုသိလား "

" သိတယ်လေ ဒီကနေ အနောက်ဘက်ကို သွားလိုက်ပြီး
ရွာနှစ်ရွာကိုဖြတ်သွားလိုက်ရင် ရောက်ပြီလေ
ဘာလုပ်ဖို့လဲ"

"ဘာမှ မလုပ်ပါဘူး ဒီအတိုင်းပဲမေးကြည့်တာ"

" အင်း... ဒါဆို ငါသွားတော့မယ် "

You Are My Own Paradise (Completed)Where stories live. Discover now