Episode-29

816 89 6
                                    

ZAWGYI

အလင်းရောင်ကျရောက်ခြင်းမရှိသော ပတ်ဝန်းကျင်တစ်ခွင်၌ အမှောင်ထုကြီးစိုးနေကာဦးတည်ရာနေရာကိုပင်ရှာဖွေနိုင်ခြင်း မရှိတော့သည်အထိ မည်းမှောင်နေသော အခြေအနေမျိုးတွင် တစ်စုံတစ်ရာအား ကြောက်ရွံ့မှုကြီးစွာဖြင့် ပြေးလွှားနေသော အမျိုးသားတစ်ဦး။ ဂနာငြိမ်ခြင်းအလျင်းမရှိသော မျက်ဝန်းနှင့် မြင့်ချည်နှိမ့်ချည်ဖြစ်နေသောရင်ဘတ်အစုံသည် ကြောက်ရွံ့မှု သင်္ကေတတစ်ခုအဖြစ်ပြနေသကဲ့သို့ ပြေးနေရင်းအနောက်သို့ လှည့်ကြည့်၊ လှည့်ကြည့်လုပ်နေသော သူ၏အခြေအနေအရ ကြောက်ရွံ့ခြင်းကိုဖန်တီးသူတရားခံသည်ထိုသူ၏အနောက်မှ လိုက်လာခဲ့ပုံပေါ်ပါ၏။ထို့ကြောင့်မြင်ကွင်းတဆုံး ထွက်ပေါက် မဲ့နေသောအမှောင်ထုဝင်္ကပါအလယ်အတွင်း ထိုလူသားသည် ဇွဲလျှော့ခြင်းမရှိဘဲဦးတည်ရာမဲ့စွာပြေးလွှားနေပါလျက်။ အချိန် တစ်ခုရောက်လျှင်တော့ သူသည် ထွက်ပေါက်အား ရှာတွေ့၍ လွတ်မြောက်နိုင်ပါမည်ဟုရည်ရွယ်မျှော်လင့်လျက်ပေါ့။ သို့နှင့် ထိုအမျိုးသားသည် Kim Namjoonဖြစ်နေပါရောလား။

"အ့..."

သို့သော် Namjoon၏မျှော်လင့်ချက်သည် အဓွန့်မရှည်ခဲ့။ ပြေးရင်းလွှားရင်းဖြင့် အမှတ်မထင်ခြေကျင်းဝတ်ခေါက်သွား၍ ဘုတ်ခနဲလဲကျသွားအဖြစ်။ချမ်းအေးသောရာသီဖြစ်လင့်ကစား  ချွေးများစီးကျနေပါသာNamjoonသည် သူ၏ခြေထောက် အခြေအနေကိုအံတုလျက် ကြိုးစား၍ ထကြည့်ပါသော်လည်း နာကျင်မှုကြောင့်အသေအချာပင်မထောက်နိုင်ခဲ့။ သို့ဖြစ်ပါက သူသည်ရှေ့ဆက်ပြေးဖို့ရာမဖြစ်နိုင်တော့ချေ။ထို့အတူ အဆုံး မရှိသောဤအမှောင်ကမ္ဘာနှင့် သူ့အားလိုက်နှောင့်ယှက်နေသူ ထိုသူလက်ထဲမှ မည်သူကများ ကယ်တင်နိုင်တော့ပါအံ့နည်း။

"ဒီလောက်ပြေးရရင်တော်ရောပေါ့။ တော်ကြာ လူသတ်လို့ မသေဘဲ အမောဖောက်ပြီးသေသွားဦးမယ် ဟား ဟား..."

ထိုသူ.....သေချာပါသည်။ သူ၏မျက်နှာအား အမြဲတမ်းလိုလို အနက်ရောက်မျက်နှာဖုံးအောက်တွင်ဖုံးကွယ်ထားတတ်သော ထိုသူအမှန်ပါ။ ယခု၌လည်း သူ၏ထုံးစံအတိုင်း အမှောင်ထဲမှ လူသားတစ်ဦးပီပီ မျက်လုံးနေရာမှလွဲကာသူ၏ခန္ဓာကိုယ်အား တစ်ပါးလူမမြင်နိုင်စေရန် အနက်ရောင်အဆင်တန်ဆာတို့ဖြင့် ဖုံးအုပ်သိုဝှက်ထားပါလျက်။ သို့သော် အနည်းငယ်မြင်ရသော မျက်ဝန်းနက်တို့တွင်မူ သွေးအေးရက်စက်ကာ နူးညံ့မှုကင်း၍ ကြမ်းကြုတ်မှုအပြည့်ရှိမည့်မုဆိုးတစ်ဦးဖြစ်မည်ဟုပြောနေပုံ။ အငြိုးကြီးစွာအမဲဖြတ်တော့မည့်ပုံစံဖြင့် Namjoonနားသို့ တစ်လှမ်းချင်းစီ လျှောက်လှမ်းလာသောသူသည် တကယ်ပင် ခံစားချက်မဲ့နေလျက်။ ထို့အတူ သူ့ဘက်မှ ခြေလှမ်းတစ်လှမ်း ရှေ့တိုးလာတိုင်း တင်ပါးဖြင့်ရွှေ့၍ အနောက်ဆုတ်သွားသူက Namjoon။

Fate (Or) Fake? (Completed)Where stories live. Discover now