[Zawgyi]
{ကျောက်ပုစွန်အစိမ်းသုတ်}
ရဲစခန်းတွင် လင်ရှုယီ ကျောင်းရွှယ်မေ့ထံသြွေားချိန်၌ သူမသည် ဆံပင်စုတ်ဖွားဖြင့် ငေးကြောင်နေသော်ငြား လင်ရှုယီကိုမြင်မြင်ချင်းမှာပင် လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့သည်။
"ရှောင်ရှောင်ရော? ရှောင်ရှောင် ပြန်လာပြီလား?"
လင်ရှုယီသည် သူမကို မနှစ်မြို့ခြင်းတို့နှင့်သာကြည့်နေခဲ့ပြီး ဘာကြောင့် သူ့ကို သူမရဲ့သားအကြောင်းမေးရသည်ကိုလည်း မသိပေ။
"ခင်ဗျား ရဲကိုမေးသင့်တာ။ ကျွန်တော့်ကို မဟုတ်ဘူး။"
လင်ရှုယီကို ရူးသွပ်နေသည့်လူတစ်ယောက်နှယ် နီရဲပြူးကျယ်နေသည့်မျက်လုံးတို့ဖြင့်ကြည့်ရင်း ပြောလိုက်သည့် ကျောင်းရွှယ်မေ့၏အသံသည် တုန်ယင်နေခဲ့၏။
"သူတို့က သူ့အဖိုးကိုလည်းခေါ်သွားပြီမဟုတ်ဘူးလား? ဘာလို့ရှောင်ရှောင့်ကို ပြန်မလွှတ်ပေးကြသေးတာလဲ?"
လင်ရှုယီသည် မျက်လုံးတို့ကို ရုတ်ချည်းမှေးကျဉ်းလိုက်ကာ သူမ၏လက်ကောက်ဝတ်ကိုဆွဲကိုင်လှုပ်ခါလိုက်၏။
"ခင်ဗျား ဘာပြောလိုက်တာလဲ?"
ကျောင်းရွှယ်မေ့တစ်ယောက် ချက်ချင်းပင်လဲကျသွားသည်။ စူးရွားကျယ်လောင်စွာအေည်ဟစ်နေခဲ့သောသူမသည် စိတ်တို့မတည်မငြိမ်ဖြစ်နေခဲ့ပြီဖြစ်ကာ လင်ရှုယီထံမှ ထင်မှတ်မထားသည့်လှုပ်ရှားမှုလေးကပင် သူမကို လဲကျသွားအောင်ပြုလုပ်နိုင်နေ၏။
"ရှောင်ရှောင် မရှိတော့ဘူး! သူ မရှိတော့ဘူး! ငါတို့ သူ့ကိုမကယ်နိုင်ခဲ့ဘူး! အဲ့အဖိုးကြီးက သူ့အဖိုးပဲလေ၊ ဟုတ်တယ်မလား? သူတို့က သူ့ကိုခေါ်သွားပြီးမှတော့ ဘာလို့ ရှောင်ရှောင့်ကိုမလွှတ်ပေးသေးတာလဲ!"
လင်ရှုယီမှာ သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် လွန်စွာဒေါသထွက်လျက်ရှိကာ သူမကိုရိုက်လိုက်တာက ဘာကိုမှဖြေရှင်းနိုင်မည်မဟုတ်ဆိုသည်ကိုပင် မတွေးမိတော့ချေ။
"ယန်ရှောင်က သူများပိုက်ဆံတွေကို လောင်းကစားလုပ်ပြီးပြန်မပေးလို့ ပြန်ပေးဆွဲခံလိုက်ရတာ။ ခင်ဗျား ရဲကိုတိုင်လို့ရတယ်။ ဒါမှမဟုတ် သူ့ကိုကယ်ပေးဖို့ တစ်ခြားလူတွေကို တောင်းပန်လို့ရတယ်။ ဒါပေမယ့် အဖိုးက၊ ဒီကိစ္စက အဖိုးနဲ့ ဘာမှမဆိုင်ဘူး။ အဖိုး ပြန်ပေးဆွဲခံရတာက ယန်ရှောင့်ကြောင့်ပဲ။ ခင်ဗျားသားကို ဒီလောက်တောင်တွေ့ချင်နေရင် ဘာလို့ အဖိုးနေရာကိုယူပြီး သူ့ကိုသွားမရှာတာလဲ?"
VOUS LISEZ
I'm a Chef in the Modern Era [Myanmar Translation]
FantasyName 我在现代做厨子[美食] Wǒ zài xiàndài zuò cr húzi [měishí] Author(s) 桃子苏 (Táozi sū) Translator(s) Exiled Rebels Scanlations Chapter 125chapters(118chapters+7extras) Status in COO Completed Myanmar Translation start date 6.4.2020