Brightသဘက်ခါသွားရမည့်Traineeကြောင့်အခန်းထဲမှာအဝတ်အစားတွေထည့်နေသည်။ထိုအချိန် bright momဝင်လာပြီး
"သား...ဘာတွေလိုအပ်နေလဲသေချာစစ်ဦး"
Bright mom ပြောပြောဆိုဆိုနဲ့brightအတွက်အအေးလေးဖျော်လာပေးကာဘေးနားကစားပွဲပေါ်မှာချပြီး brightဘေးသို့ဝင်ထိုင်လိုက်သည်။"သားသွားဖို့အဆင်ရောပြေရဲ့လား"
"ပြေပါတယ်အမေရဲ့ဒါကအလုပ်ဘဲလေ"
"အင်းပါ..သားအဆင်ပြေရင်ပြီးရော..သားသွားရင်အမေသားကြိုက်တဲ့မုန့်လေးတွေလုပ်ပေးလိုက်မယ်ဟုတ်ပြီလား"
"ကျေးဇူးပါအမေ"
Brightသူ့အမေကိုပြုံးပြလိုက်ပြီးသူ့အမေရဲ့ရင်ခွင်ထဲမှာအချွဲပိုစွာခို၀င်လိုက်သည်။တကယ်ပါလူကောင်ကြီးနဲ့မလိုက်ချွဲတတ်လွန်းတဲ့သူမရဲ့သားလေးပါ☺*သူအများကြီးအမေ့အတွက်ကြိုးစားရမည်။အဆင်မပြေလည်းအမေ့အတွက်အားတင်းပြီးအလုပ်လုပ်မည်။အမေကဒီအချိန်ထိအလုပ်တစ်ဖက် ၊သူ့အတွက်တစ်ဖက်နဲ့ပင်ပန်းခဲ့ပြီးပြီးလေ။သားဒီထက်ပိုပြီးအမေ့ကိုစိတ်ချမ်းသာပျော်ရွှင်စွာထားပါ့မယ်အမေ။ဘာလို့ဆိုအမေကသားကမ္ဘာကြီးမလို့"
"Me.. Ta.. Win" winအမေသူ့ပိုက်ဆံအိတ်ကိုကိုင်ပြီးwinအခန်းထဲသို့အမြန်ဝင်လာခဲ့သည်။
"ဗျာအမေ"
Win Thaiကားကြည့်နေရင်းသူ့အမေခေါ်တာကိုမုန့်စားကာအေးအေးဆေးဆေးပင်လှမ်းထူးလိုက်သည်။"ငါ့ပိုက်ဆံတွေနင်ယူထားတာလား"
"မယူပါဘူးအမေရယ် ၊သားကဘာလို့အမေ့ပိုက်ဆံယူရမှာလဲ"
"နင်အပိုမပြောနဲ့ယူထားလား၊မယူထားဘူးလား"
"မယူပါဘူးဆို"
"ရတယ်လေနင်မပြောမှတော့ငါနင့်ပိုက်ဆံအိတ်ထဲရှာရတော့မှာပေါ့"
"ဟာအမေမလုပ်နဲ့လေ"
Winအမေwinလွယ်အိတ်ကိုအမြန်ဆွဲယူသွားပြီးပိုက်ဆံအိတ်ကိုရှာလေသည်။Winကတော့ကုတင်ပေါ်ကနေကုန်းရုံးထကာသူ့ပိုက်ဆံအိတ်ကိုသွားဆွဲယူ ၊winအမေကလည်းအားမနည်းတစ်ယောက်နဲ့တစ်ယောက်ဆွဲနေရင်းပိုက်ဆံ၅သောင်းလောက်ထွက်ကျလာခဲ့သည်။