Chapter - 1

1.9K 168 27
                                    

Warning : This story contains mature sexual content. ADULTS ONLY.

နွေမှာရွာတဲ့မိုးဟာ တခြားမိုးတွေထက်များ ပိုစိတ်ပျက်ဖို့ကောင်းနေခဲ့လား။ ထီး​ပေါ်က မိုးရေစက်တွေကို ခါချလိုက်ရင်း ရိပေါ်တွေးမိသည်။ မိုးတွေကို ရိပေါ်မခံစားတတ်။ အထူးသဖြင့် ဒီလို နွေမှာရွာတဲ့မိုးမျိုးပေါ့။ ဒါပေမယ့်လည်း ပုံမှန်ဆိုရင် အိမ်ခင်လွန်းတဲ့ ရိပေါ်က ဒီလိုရာသီဥတုမျိုးမှာ တဖြောက်ဖြောက်ရွာနေတဲ့ မိုးစက်များကြား အိပ်ယာပေါ်မှ ကုန်းရုန်းထခဲ့ရသည်မှာ သူ့ဘဝတွင် ဘယ်နှစ်ယောက်မှမရှိသည့် ခင်ရသောအစ်ကိုတစ်ယောက်က အကူအညီတောင်းလာလို့ပင်။ တစ်နိုင်တစ်ပိုင် ဘီယာဆိုင်ခပ်သေးသေး ဖွင့်ထားသောအစ်ကိုဖေးယွင်က ဒီနေ့မှ ဧည့်သည်တွေပြုံကျပြီး တစ်ယောက်တည်း မီးဖိုချောင်ရော စားပွဲထိုးဖို့ရော မနိုင်တော့သည့်အခြေအနေတွင် ရိပေါ်ကို လှမ်း၍အကူအညီတောင်းလာခဲ့သည်။ ပျင်းဖို့ကောင်းသည့် မိုးရေစက်သံတွေကြား စောင်ပုံထဲ ရုပ်ရှင်တစ်ကားလောက် ကြည့်မည်စိတ်ကူးထားသည့် ရိပေါ်၏ အစီအစဉ်က ပျက်ချင်းမလှပျက်သွားခဲ့သည်။

"ရိပေါ် ပင်ပန်းသွားပြီ"

"ရပါတယ် အစ်ကိုကလည်း"

ဆိုင်လေးက လမ်းမကြီးပေါ်မဟုတ်သော်လည်း နာမည်ကြီး တက္ကသိုလ်တစ်ခုနားမှ လမ်းကြားလေးတွင်ဖြစ်သည်။ ပထမထပ်တွင် အမျိုးသားဆံသတစ်ခုရှိပြီး အစ်ကို့ဆိုင်လေးက မြေညီထပ်မှာ။ အရင်ကတော့ ရပ်ကွက်ထဲနေသူများနှင့် ဖြတ်သွားဖြတ်လာများသာ သတိထားမိသော ဆိတ်ငြိမ်အေးဆေးသည့် နေရာတစ်ခုပင်။ မနေ့တစ်နေ့က နာမည်ကြီး Influencer တစ်ယောက် ဆိုင်မှာထိုင်သွားပြီး အင်တာနက်ပေါ်တွင် နေရာနှင့်တကွ ဓာတ်ပုံတစ်ပုံကို တင်လိုက်သည့်နောက်ပိုင်းတွင်တော့ အတွင်းစားပွဲလေးဝိုင်းလုံး နေရာပြည့်သွားရုံသာမက ဒီလိုပူစပ်အိုက်စပ် ရာသီဥတုမျိုးတွင် ဘာအမိုးအကာမှ မရှိသည့် ဆိုင်ရှေ့တွင် စားပွဲခင်းပြီး ထိုင်ရလည်း ကိစ္စမရှိပါဘူးဆိုသည့် ဧည့်သည်များပါ ရောက်လာရသည်အထိ လူအုံလာခဲ့သည်။

"အလုပ်ရှုပ်ပေမယ့်လည်း ဈေးရောင်းရတော့ တော်သေးတာပေါ့၊ မဟုတ်ဘူးလား အစ်ကိုဖေး"

2920Where stories live. Discover now