[မသိစိတ်မှချည်နှောင်ခြင်း]
"မင်းမှာ လုပ်ချင်တာတစ်ခုခုရှိလား Third. hobby? "
ဇွန်းကိုကိုက်ပြီးခဏလောက်စဉ်းစားနေမိတယ်။ ဝါသနာဘာကိုပါတာလဲဆိုတာ သူတခါမှမစဉ်းစားဖူးပါဘူး။ ဝါသနာဆိုလူတိုင်းမှာရှိတယ်ဆိုရင် သူ့ရဲ့ဝါသနာကိုသူရှာဖွေရဦးမယ်။ ကော်ဖီတစ်ခွက်ကိုင်ပြီးရပ်နေတဲ့ အသက်၂၈နှစ်အရွယ် ကပြားကြီးတစ်ယောက်ဟာ ဦးနှောက်ဖောက်စားလွန်းတဲ့သတ္တဝါကောင်ကြီးပဲ။
"ငယ်ငယ်က နွားလှည်းမောင်းချင်တယ်လို့တွေးဖူးတယ်၊ အဲ့တာဝါသနာလားဟင်"
ခွိခနဲရယ်လိုက်တဲ့အသံကြောင့် ကြည့်လိုက်မိတော့ မျက်နှာမှာရော မိုးပြာရောင်ရှပ်ပေါ်မှာပါကော်ဖီရည်တွေဖိတ်စင်နေတာကိုတွေ့ရတယ်။ ကော်ဖီခွက်ကိုဘေစင်ပေါ်သွားတင်ရင်းတောင် အရယ်မရပ်သေးဘဲခိုးခိုးခစ်ခစ်အသံတွေထွက်နေတဲ့ Ryan ကိုလိုက်ငေးရင်း သက်တန့်ပျော်သွားတယ်။ အဲဒီလူကြီး ဘယ်လိုတောင်မူပျက်သွားတာလဲ။
ပါးပြင်နဲ့နှုတ်ခမ်းစပ်ကြားက ပါးချိုင့်မဟုတ်တဲ့smile line တွေ အထင်းသာပေါ်နေရင်ကြည့်ကောင်းလွန်းတယ်။ ဘာတွေက အဲ့လောက်ထိသဘောတကျရယ်စေတဲ့အထိ ဖြစ်သွားတာလဲ။
"အကျႌတစ်ထည်သွားယူပေးမယ် ခဏစောင့်"
ရယ်နေတယ်။ တကယ်ကြီးကို အားရပါးရရယ်နေတာကို ိအကျႌယူပြီးပြန်လာတဲ့အထိ မြင်နေရသေးတယ်ဆိုတော့ သူအမြင်မှားတာလုံးဝမဟုတ်ဘူး။ အကျႌကိုပစ်ပေးလိုက်တော့ ပြုတ်မကျအောင်ဖမ်းယူတယ်။ သူ့ရှေ့မှာတင် ကော်ဖီတွေဖိတ်သွားတဲ့အကျႌကိုချွတ်ပစ်လိုက်တော့ ဖြူလွန်းလို့အနီရောင်သန်းချင်နေတဲ့ ရင်အုပ်ကျယ်ကျယ်ကြီးထင်းခနဲပေါ်လာတယ်။ ချွတ်ထားတဲ့အကျႌကို အနီးက ကုထားထိုင်ပေါ်တင်လိုက်ပြီး သက်တန့်ယူလာပေးတဲ့အကျႌကိုဝတ်လိုက်တယ်။
တံတောင်ထိခေါက်တင်ထားတဲ့အကျႌလက်ကြောင့် ထောင်ထနေတဲ့သွေးကြောစိမ်းတွေဟာ ယောကျ်ားပီသခြင်းတွေထဲကတစ်ခုပဲ။
"ဘာလို့ရယ်တာလဲ"
မေးလိုက်မှပဲ အရှိန်သေပြီးသား အတွေးတွေခေါင်းထဲပြန်ဝင်လာပြီး ပြန်ရယ်ချင်လာတဲ့မျက်နှာဘေးမျိုး ပြုံးစိစိဖြစ်သွားတယ်။