36

9.1K 1.6K 191
                                    

" နိုးပြီလား "

မျက်လုံးဖွင့်ကြည့်ကြည့်ချင်း ကုတင်စောင်းတွင် ဝင်ထိုင်နေသူ။ သူ့ပါးပေါ်ဝေ့ဝဲကျနေသည့် ဆံပင်တစ်ချို့ကို သပ်တင်ပေးနေသူသည် သူနှင့်ညက အနမ်းဖလှယ်ခဲ့သောသူ။ ကြည်လင်နေသော မျက်နှာ၊ ပြုံးရီနေသော နှုတ်ခမ်း၊ ငေးစိုက်ကြည့်နေသည့် မျက်ဝန်းလှလှ။

" အင်း .. သူဌေးလေးက ဒီနေ့ ကျောင်းပြန်သွားမှာဆို "

" ဘာကို သူဌေးလေးလဲ .. မနေ့ကဘယ်လိုခေါ်သလဲ မမှတ်မိတော့ဘူးလား "

" ဟင် "

ထိုစကားကြောင့် နှောင်ရစ်ထွေး၏ မျက်နှာဝင်းဝင်းစက်စက်ကလေးသည် ဆေးနီပက်ခံလိုက်ရသလို ရဲတက်သွားချေတော့၏။ မှတ်မိနေတာလား။ ပြောတော့ စပ်အရက်တွေသောက်ရင် နောက်တစ်နေ့ဘာမှမမှတ်မိဘူးဆို။ ဦး က သူ့ကို ညာလိုက်လေပြီလား။

ခါးနားရောက်နေသည့်စောင်ကိုလက်ကလေးဖြင့်မသိမသာ ဆွဲမကာ မျက်နှာကိုဖုံးမည့်ဟန်ပြင်သော်လည်း မျက်စိလျင်လေသူသည် စောင်စကိုဆွဲခွာကာ အိပ်ယာပေါ် လဲလျောင်းနေသည့် ကိုယ်လုံးလေးကို ထွေးပွေ့လိုက်တော့၏။

" သူဌေးလေး မတော်ပါဘူး .. တစ်ယောက်ယောက်မြင်သွားမှဖြင့် "

" ကျုပ်ကိုနာမမှန်အောင်ခေါ် "

" သူဌေးလေးရယ် ဘယ်လိုတောင် ဇွတ်တရွတ်ဆန်နေရပြန်တာလဲ "

" တံခါးက ချက်ချထားတယ်ကွာ ... ခေါ်ပါ .. နော် ခေါ်လိုက်စမ်းပါ "

" ကိုကြီး "

" မွ "

နဖူးပေါ်ရောက်လာသည့် အနွေးဓာတ်ကြောင့် ပို၍ရှက်ရွံ့လာမိသည်။ အကယ်၍များ သူသည် တစ်ဖက်သားထင်ထားသကဲ့သို့ အမျိုးသမီးတစ်ယောက်မဟုတ်ခဲ့ဘူးဆိုလျှင် သူ့ကိုဤသို့ပြုမူပါဦးမလား။

ရင်ပူရပါသည်။ ပထမဆုံးပွင့်လန်းလာသည့် အချစ်ပန်းမို့ ညှိုးငယ်မှာလည်း စိုးရိမ်မိသည်။ တာဝန်ယူထားရသည့် ကိစ္စတစ်ခုက ပြီးသွားပေမဲ့ နောက်ဆက်တွဲရလဒ်သည် တာဝန်ပေးအပ်သူလည်း ကြိုက်မှာမဟုတ်သလို တစ်ဖက်သားသည်လည်း သူ့အပေါ် ငဲ့ညှာမည်မဟုတ်။

အိုဘယ့်မှုံရွှေရည်(Completed)Onde histórias criam vida. Descubra agora