[Happy bad day]
"ငါဒီညအိမ်ပြန်လာနိုင်မှာမဟုတ်ဘူး"
ခပ်တိုတိုမက်ဆေ့ချ်တစ်စောင်ကို အစောထဲကပို့ထားတယ်။ မျှော်တလင့်လင့်နဲ့စောင်းဆိုင်းနေရမှာမျိုးကို သူကိုယ်တိုင်လည်းမကြိုက်သလို အခြားလူကိုလည်းဒီလိုခံစားချက်မျိုးမပေးဘူး။
ဆယ့်နှစ်ထပ်လောက်မြင့်တဲ့တိုက်ပေါ်ကနေ မြို့ပြရဲ့အလှတရားကိုကြည့်နေမိတယ်။ မီးရောင်စုံတွေ၊ ပြေးလွှားနေတဲ့ကားတွေလူတွေ၊ ဒီညဟာနှစ်တစ်နှစ်ရဲ့နောက်ဆုံးရက်ဆို ဘာတွေလုပ်နေသင့်တာလဲ။ Ryanကတော့ ချစ်သူမိန်းမလှလေးတစ်ယောက်ရဲ့တိုက်ခန်းမှာ နှစ်ဟောင်းကုန်ဆုံးပြီးနှစ်သစ်ကူးတော့မယ်။ စီးကရက်တွေတစ်လိပ်ပြီးတစ်လိပ် ဖွာရှိုက်နေမိတယ်။ တကိုယ်လုံးမှာရှိသမျှအားအင်တွေကိုစွန့်ထုတ်ထားရလို့ ခန္ဓာကိုယ်ဟာနွမ်းနယ်နေတယ်။
ဒါဟာ သူတို့နှစ်ဦးအတွက် ပထမဦးဆုံးအတူအိပ်စက်ခြင်းမဟုတ်ပါ။ သမီးရည်းစားဘဝ အစကနဦးတုန်းကလည်း အတူနေခဲ့တဲ့အချိန်တွေရှိခဲ့တာပဲလေ။ သူတို့နိုင်ငံကrelationship တစ်ခုမှာတော့ ဒါဟာထူးခြားတဲ့ကိစ္စရပ်မဟုတ်ပေမယ့် မြန်မာလူမျိုးdaddy သာရှိသေးရင် ဆူခံရမှာသေချာတယ်။
အခန်းထဲညမီးရောင်မှိန်ပျပျအောက်က မိန်းမပျိုတစ်ယောက်ရဲ့ရီဝေဝေအကြည့်မှာ ချစ်ခြင်းတရားတွေကိုအပြည့်ထည့်ထားတယ်။ newyear night party ကို လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူလုပ်ဖြစ်တာရော၊ နောက်ပြီး သူမကို ချစ်သူအဖြစ်တရားဝင်မိတ်ဆက်ပေးတာရော Ryan ဟာ ဒီတောအတွင်း ပုတ်သင်ညိုတစ်ကောင်လို အရောင်အမျိုးမျိုးပြောင်းနေခဲ့တယ်။ Ryan က သူမကို ဘယ်တော့မှလိမ်လို့မရဘူး။ နောက်ပြီး ဖုံးကွယ်ထားလို့ရမှာမဟုတ်ဘူး။
"သိပ်ထူးဆန်းနေတယ် ဟန်နီ"
ခနဲ့လိုက်တဲ့စကားတစ်ခွန်းအတွက် မဲ့ပြုံးတစ်ခုထုတ်ပေးတယ်ဆို သူတို့နှစ်ယောက်က ဓားသွားပေါ်လမ်းလျှောက်နေတဲ့လူနှစ်ယောက်လို တနေရာရာက သွေးစိမ့်ထွက်စေတဲ့နာကျင်မှုမျိုးရှိနေလိမ့်မယ်။
"လက်ထပ်ခွင့်တောင်းတော့မယ်ဆိုရင်တော့ ကြိုပြောနော်၊ shock ရစေတဲ့အရာတွေနားထောင်ရတာမကြိုက်ဘူး"