(Unicode)
နာကျင်မျက်ရည်(Only Love)-42
ဒေါ်မြတ်လေးခင်ရဲ့ စကားကိုကြားပြီး
ခင်ဝတ်မှုံ ဆွံ့အ သွားသည်။"ဒယ်ဒီက ဘယ်လိုလူမျိုးလဲ သိလား...."တဲ့ အဲ့တာဘာစကားလဲ။ သူမတွေးနေမိပြီး
" ရှင် ဘာတွေပြောနေတာလဲ ... ဒယ်ဒီ က ဘယ်လိုလူမျိုးဖြစ်ရမှာလဲ..." ဟု မျက်မှောင် ကြုတ်လျက်မေးလိုက်သည်။
ရင်ထဲ မှာ လည်း တဒိတ်ဒိတ်နှင့် ပင်။"နင့်အဖေ နာမည်က ဦးတင်ထွန်းအောင် ဟုတ်လား..." ဒေါ်မြတ်လေးခင်က မဲ့ကာ မေးသည်။
" ဟုတ်တယ်လေ ....ဘာဖြစ်လို့လဲ..."
" နင့်အဖေ ရဲ့ အရင်တုန်းက နာမည်က
တိုးအောင် လေ... အဲ့တာ နင်မသိဘူးလား...""သိတယ်... ဒယ်ဒီ မကြိုက်လို့ နာမည်ပြောင်းထားဝာာပဲ..."
"အေး... နင်ကြုံရင် နင့်အဖေ ကို မေးလိုက်
ညီလေးငယ် ဆိုတဲ့လူကို သိလား...လို့"ဟု ဒေါ်မြတ်လေးခင်က မေးပြန်တော့" ဘယ်က ညီ လေးငယ်လဲ ... ရှင် ဘာတွေလာပြောနေတာလဲ..." ခင်ဝတ်မှုံက မေးပြန်သည်။
ဒေါ်မြတ်လေးခင် ဟာ စိတ်ခံစားချက်တွေ ပြင်းထန်လာပြီး ဒေါသတွေထွက်လာကာ
ခင်ဝတ်မှုံကို လက်ညှိုးငေါက်ငေါက်ထိုးလိုက်သည်။" နင့်အဖေက ငါ့မောင်လေးဖြစ်တဲ့ ညီလေးငယ် ကို သူ့ကိုယ်သူ Gay လိုလို နဲ့ ချင်းကပ်ပြီး ချူစားမြှူစားခဲ့တာ... ငါ့မောင်လေးက တော့ သူ့ကို တကယ်ချစ်တယ်မှတ်ပြီး တစ်ဘဝလုံးကို ပုံပေးခဲ့မိတယ်...အဲ့တာ ကို အခွင့်ကောင်းယူပြီး
နင့်အဖေက ငါ့မောင်လေး ကို ခြိမ်းခြောက်ငွေညှစ်ခဲ့တယ်လေ... ၊ငါ့မောင်လေးကတော့ နောက်ဆုံး ကြံရာမရဖြစ်ပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့တာ... သူများမျက်ရည်ပေါက်ကြီးငယ်ကျပြီး ရတဲ့ငွေ တွေနဲ့ အခုကျမှ ချမ်းသာ ပြီး...ဘာတဲ့ တင်ထွန်းအောင် ဆိုပြီး နာမည်တောင်ပြောင်းထားလိုက်သေးတယ်... နင့်အဖေက နင့်တို့စေစပ်ပွဲမှာ ငါ့ကို မမှတ်မိပေမယ့် ငါက နင့်အဖေကို မှတ်မိတယ်... ငါ့မောင်လေး အပေါ်မှာ ယုတ်မာ ခဲ့တဲ့ နင့်အဖေကို ငါကသေရာပါမှတ်မိတယ်... ငါ နင့်အဖေကို လုံးဝ ခွင့်မလွှတ်ဘူး... အကယ်၍ နင်သာ ငါ့သားကို အရှက်ခွဲ ရင် ငါလည်း နင့်အဖေ ဘယ်လို လူ ဖြစ်သလဲဆိုတာ တစ်လောကလုံးကို အသိပေးမယ်...."
ŞİMDİ OKUDUĞUN
နာကျင်မျက်ရည်(Only Love)(BL Story)(Completed)
Romantizmလူတစ်ယောက်နဲ့ တစ်ယောက် ချစ်ဖို့ လိုအပ်တာ က အချစ်သည်သာ