20 / Unicode

466 74 23
                                    

[Hug]

ကော်ဖီနှစ်ခွက်ရယ်၊ ချိုအီအီအနံ့ထွက်နေတဲ့ cookie ပန်းကန်ကိုအလယ်မှာချထားတယ်။ ဆိုင်ထဲမှာလူတအားကျနေတဲ့အချိန်မို့ ဆူညံနေပေမယ့် ထောင့်ကျတဲ့သူတို့ဝိုင်းမှာအသံတိတ်တာမို့ ဆိုင်ထဲမှာဖွင့်ထားတဲ့ River flow in you သံစဉ်ကို ငြိမ့်ငြိမ့်ကလေးကြားရတယ်။ လူတစ်ယောက်ကိုသွားတွေ့ဖို့ လိုက်ခဲ့ချင်လားလို့မေးတုန်းက နောက်တစ်ကြိမ်Christina ပဲ ဖြစ်နေလိမ့်မယ်လို့သက်တန့်ကထင်ထားခဲ့တာ။

အသက်ငယ်ငယ်ကောင်လေးတစ်ယောက်၊ မျက်လုံးထဲမြင်အောင်ပြောရမယ်ဆိုရင် မိတ်ကပ်တွေလိမ်းခြယ်ထားတဲ့ကောင်လေးတစ်ယောက်ဖြစ်နေတယ်။ မိတ်ကပ်​တွေလိမ်းခြယ်ထားတာ​တောင် အဲဒီကောင်လေးဆီကယောကျ်ားဆန်ခြင်းတွေ ပျောက်မသွားဘူး။ အတုလို့သိသာနေတဲ့မျက်တောင်ရှည်တွေနဲ့လိုက်ဖက်တယ်။ စနစ်တကျအရောင်တင်ထားတဲ့နှုတ်ခမ်းပါးဟာ ပန်းချီတစ်ချပ်နဲ့တောင်တူနေသေးတယ်။ မျက်လုံး၊မျက်ခုံး၊ နှာတံတစ်ခုချင်းစီကို မျက်တောင်မခတ်စိုက်ကြည့်နေမိတော့တာပဲ။ တစိတ်၊ ယောကျ်ားတစ်ယောက်ကိုလှတယ်လို့သုံးသင့်သလား။

"Long time no see darling"

ပြတ်သားတဲ့သြရှရှအသံဟာ ပျားသကာလိုနားဝင်ချို​ပေမယ့် ရိုင်းပြတဲ့အမူအယာနဲ့Ryanရဲ့စကားသံဟာ ဘေးလူကြားရင်နားခါးစေတယ်။ ဒီရှေ့ကလူတစ်ယောက်ကိုသက်တန့်မသိပေမယ့် မြင်မြင်ချင်းသဘောခွေ့တယ်။ ဖြစ်နိုင်ရင်အကြာကြီးထိုင်ကြည့်နေချင်မိတယ်။ နှမြောလိုက်တာ။ နတ်ဘုရားလိုအလှတစ်ပါးကိုနောက်ကျမှမြင်တွေ့ခွင့်ရတယ်။

"ပြောစရာရှိတာမြန်မြန်ပြောပါSam, တစ်ခုတော့ ရှိတယ်၊ မင်းပြောမဲ့စကားတွေက ငါ့အတွက်အကျိုးရှိလား၊ မင်းအတွက်ရောအကျိုးရှိလား၊ ဘာအကျိုးမှမရှိရင်​တော့ လာရာလမ်းအတိုင်းပြန်တော့"

ပူအိုက်နေဟန်တူတဲ့အရှေ့ကလူဟာ အကျႌကြယ်သီးသုံးလုံးလောက်ဆွဲဖြုတ်တယ်။ ထင်းနေတဲ့ညှပ်ရိုးနှစ်သွယ်၊ ဆွဲဆောင်မှုရှိတဲ့လည်တိုင်ခပ်ကျော့ကျော့ကလေးရယ်၊ ဘာလို့များအရာအားလုံးပနံသင့်နေရတာလဲ။ သက်တန့်အတွက် ဒီလူဟာ မျက်နှာမလွှဲငေးကြည့်နေရတဲ့ လူဖြစ်နေတယ်။ ရွေ့လျားနေတဲ့လက်ချောင်းတွေထိပ်က အနက်ရောင်လက်သည်းဆိုးဆေးတွေကတောင် သူနဲ့ဆိုလိုက်ဖက်နေတာမျိုး။

Be My Chlorophyll [completed]Where stories live. Discover now