Chapter 18 - မြို့ကလူတွေကတကယ်ကိုကွဲပြားခြားနားတယ်

3.3K 467 64
                                    

ချန်းယွမ်ဓားကိုဓားအိမ်ထဲသို့ပြန်ထည့်လိုက်ပြီးနောက် ကွမ်းရှန်ကျင်းက၀ူရှင်းကျီကိုသူ့လက်မောင်းတွေကြား ဆွဲဖက်လိုက်ပြီးတော့ဆွဲခေါ်သွားလိုက်တာကြောင့် စိတ်ပျံ့လွှင့်နေတဲ့ ရှင်းကျီမှာ ထိုအတိုင်းထောင်တျဲ့စံအိမ်ထဲသို့ ရောက်သွားတော့သည် ။

အတွင်းပိုင်းအပြင်အဆင်ကို တမူထူးခြားသည့်အမြင်ကိုပေးစွမ်းနိုင်အောင်ပြင်ဆင်ထားသည် ။ စားပွဲတွေနဲ့ထိုင်ခုံတွေကို ဖြန့်ထားပြီးတော့ ကြုံရာကျပန်းချထားသကဲ့သို့ဖြစ်သည် ။ အလင်းရောင်နေရာအနှံ့ရောက်နိုင်အောင်အမိုးကို မြင့်မြင့်ထားထားတာကြောင့် အခန်းကပိုကျယ်တယ်လို့ထင်မြင်မိစေပြီး ထူးထူးခြားခြား သဘောကျ နှစ်ခြ်ိုက်သည့်ခံစားချက်ကိုဖြစ်ပေါ်စေသည် ။

ရှေးဟောင်းပစ္စည်းအနည်းငယ်နှင့် အပင်ထည့်စိုက်ထားသည့်ပန်းအိုးတွေကိုလဲနေရာချထားပေမယ့် ရိုးရှင်းသောခံစားချက်ကိုသာဖြစ်ပေါ်စေသည် ။ အခန်းကိုသေချာဂရုတစိုက်ကြည့်မှသာ ဒီနေရာမှာရှိသည့်အရာအားလုံးကဘယ်လောက်တောင်ခမ်းနားကြီးကျယ်လဲဆိုသည်ကိုသိမြင်နိုင်ပေမည် ။

ကွမ်းရှန်ကျင်းကလျှောက်ဝင်လာရင်းနဲ့ သူကတိုးတိုးသာသာပင် ရှေးဟောင်းပစ္စည်းအချို့၏သမိုင်းကို ရှင်းကျီကိုမိတ်ဆက်ပြောပြပေးလေသည် ။ သူ့အသံကနူးညံ့ပြီးတော့ နားထဲမှာသာယာလှသည် ။ သူ့အသက်ရူထုတ်သည့်လေနွေးနွေးက ရှင်းကျီမျက်နှာနှင့် သူ့ရဲ့အထိအခိုက်လွယ်သည့်နေရာဖြစ်သောဘယ်ဖက်နားကို ထိခတ်သွားတာကြောင့် ရလာဒ်ကတော့ ရှင်းကျီမှာ ကွမ်းရှန်ကျင်းပြောသမျှအားလုံးကိုသေချာအာရုံမစိုက်နိုင် တော့ဘူးဖြစ်သွားတော့သည် ။

စုယန်ကရှေ့ကသွားနေပြီးတော့ ရံဖန်ရံခါသူကနောက်သို့လှည့်ခဲ့ပြီး သူ့မျက်လုံးတွေမှေးကျဉ်းလို့ သူတို့ကိုကြည့်သည် ။ သူ့ကြည့်ရသည်မှာ ကွမ်းရှန်ကျင်းက ၀ူရှင်းကျီကို ဘယ်လိုမျိုးသဘောထားတယ်ဆိုတာကို သက်သေတခုခု လိုချင်နေတာနှင့်တူပြီးတော့ အရမ်းကိုမှသိသိသာသာကိုစိတ်မရှည်ဖြစ်နေပုံရလေသည် ။

မိတ်ဖွဲ့ချင်ရင် ခိုစာပို့ဖို့ သတိရ ( မြန်မာဘာသာပြန် )Место, где живут истории. Откройте их для себя