Children's day💕

420 16 0
                                    

" P'...."

အနောက်ကနေအသာအယာလှမ်းဆွဲလိုက်တဲ့လက်တစ်စံုကြောင့် ခြေလှမ်းတွေ ခေတ္တရပ်တန့်ပြီး အနောက်သို့ချက်ချင်းဆိုသလို ငေးမော့ကြည့်မိတယ်

"ခဏလောက်ထပ်နေပေးလို့ရမလားဟင် ကျွန်တော်တောင်းဆိုတာပါ"

တောင်းပန်နေသယောင် အသနားခံနေသယောင် တစုံတခုကိုမျှော်လင့်နေတဲ့မျက်ဝန်းသေးသေး‌ေလးကြောင့် အနည်းငယ်စိတ်မကောင်းဖြစ်မိပြီး အိမ်ပြန်မယ့်ခြေလှမ်းတွေပင်ရှေ့ဆက္မတိုးနိုင်ခဲ့ပါ

"နော်...ခဏလေးပါပဲ..."

ဆက်တိုက်ပြောနေသူရဲ့အထီးကျန်မှုတွေကျွန်တော်ခံစားရပါတယ်
အိမ်အသစ်ပြောင်းသွားပြီးကတည်းကဆိုပါတော့..

အခုကျွန်တော်ကမေမေနဲ့အတူတူနေနေတော့ အရင်လိုညတိုင်း Jimmyနဲ့အတူတူအချိန်ဖြုန်းဖို့သိပ်အဆင်မပြေတော့ဘူး အခုရက်ပိုင်း အိမ်ပြောင်းနေရတာနဲ့ပဲ သူ့ကိုအချိန်လဲသိပ်မပေးဖြစ်ဘူး

ကျွန်တော်သိပါတယ် ထွက်သွားတဲ့သူထက်ကျန်ခဲ့တဲ့လူကပိုခံစားရမယ်ဆိုတာ...အလုပ်မှာတစ်ချိန်လုံးတွေ့နေရတာတောင် မလုံလောက်နိုင်တဲ့ကျွန်တော်တို့ပါ ချစ်တာကိုးဗျ နားလည်‌ပေးကြပါ...

ဒီနေ့ Kocostarအတွက် liveလွှင့်ပြီးအပြန် Jimmyကိုလိုက်ပို့ပေးတာပါ အခန်းထဲထိဆိုပါတော့...

အမှန်တိုင်းဝန်ခံရရင်ကျွန်တော်လဲမပြန်ချင်သေးပါဘူး...သူပြောလာမယ့်အချိန်လေးကိုစောင့်နေတာ..ဟိဟိ..နဲနဲတော့မူရမှာပေါ့လေ

"အင်း..ခဏပဲနော်..မေမေနဲ့အခုမှပြန်နေရတာဆိုတော့ ကိုယ်အိမ်စောစောပြန်ချင်လို့"

"အင်း..ကျွန်တော်သိပါတယ်"

Oops!! ပြောရင်းဆိုရင်းJimmyကျွန်တော့်ကို‌‌ေပွ့ချီသွားပြီ

"Jimmy....."

"ဒီနေ့က ကလေးများနေ့လေ မသိဘူးလား?"

"အင်း သိတယ်လေ"

"အင်းလေ အဲ့ဒါကြောင့် ကလေးလေးကိုချီထားတာလေ မရဘူးလား?"

ကျွန်တော်သူ့ပုခုံးလေးကိုဖွဖွလေးရိုက်လိုက်ပြီး...

"မရပါဘူး"

My Boo (Mii2 One Shot)Where stories live. Discover now