အခန်း - ၁၀

28.2K 2.4K 90
                                    

Unicode

" အ...မေရေ ကယ်ပါဦး။မခေါ်သွားပါနဲ့ သားကိုမခေါ်သွားပါနဲ့နော်။နောက်တစ်ခါ မလုပ်တော့ပါဘူးနော်။အဟီး ဟီး ! တောင်းပန်ပါတယ်။ "

ပစ်တိုင်းထောင် အိမ်ရှေ့မြေတလင်း၌ လူးလူးလိမ့်လိမ့်နှင့် တစ်ယောက်တည်း လက်အုပ်ချီကာငိုယိုရှိခိုးတောင်းပန်နေသည်။
ခေါင်း၌အမှုန့်အမွှားများကပ်ကာ မျက်နှာ၌လည်းရွှံ့များပေကျံလျက်၊ရွှံ့ပေနေသောမျက်နှာ၌လည်း မျက်ရည်စီးချောင်းနှစ်ခုမှာထင်းလျက်။ထို့ပြင်နှပ်ချေးတွဲလောင်းနှင့် သူ့အဖြစ်မှာသနားစရာမကောင်း ရယ်စရာတောင်ကောင်းသေးသည်။

" ပစ်တိုင်းထောင်ရာ ခေါင်းမမာစမ်းနဲ့ ခုသွားရင်ဘုန်းမြတ်ကမင်းကို ငှဲ့ညာမှာပါ။ "

နန္ဒ "မပ္ပဋာမြေလူး " လား ၊" ငါးရှဉ့်ဆားပက် "လား။မည်သည့်စကားပုံကိုပင် သုံး၍ဖော်ပြရမည်ကိုပင် မသိတော့။မြေ၌ထွန့်ထွန့်လူးကာ ငိုလိုက် နှပ်ချေးတွေကိုတရှုံ့ရှုံ့လုပ်လိုက်နှင့် အလုပ်ရှုပ်နေသော ပစ်တိုင်းထောင်ကိုကြည့်ရင်း။ ဟင်းခနဲ သက်ပြင်းချလိုက်မိသည်။

ငါ့ကျတော့ ဒီလိုပြောပေမဲ့။ဒင်းကလေး ဘုန်းမြတ်ကိုရော ဒီပုံစံအတိုင်းပြောမှာလား။မဖြစ်နိုင်ပါဘူးလေး။ဒါ ဒင်းကိုငါမနိုင်မှန်းသိလို့သက်သက်မဲ့ ပေတေပြီးနေနေတာ။မလွယ်ကြောလေး။

ထိုစဉ်။

" ပစ်တိုင်းထောင်! "

ပစ်တိုင်းထောင်နှပ်ချေးတွေကို ချည်အင်ကျီလက်ရှည်နှင့် သုတ်ရင်း‌ခေါင်းမော့ကြည့်လိုက်မိသည်။နွေခေါင်ခေါင်မိုးကြိုးပစ်ခံရသည်မဟုတ် သူ့အဖြစ်မှာ မိုးခေါင်ခေါင်မိုးကြိုးအပစ်ခံရခြင်းပင်။

ဘုန်းမြတ်ဇေယျာ လာပြန်ပြီ။မတွေ့ချင်လို့ပါဆိုနေမှပဲ တည့်တည့်တိုးတော့တာပဲ။

ငိုတာတုံ့ခနဲ ရပ်ကာ။မျက်လုံးလေးကလယ်ကလယ်နှင့် မိမိအားစိုက်ကြည်နေပါသောထိုကောင်လေးအား ဘုန်းမြတ်ပြန်စိုက်ကြည့်နေမိသည်။ငိုထားမှန်းသိသာနေသော နှာခေါင်းရဲရဲလေး စိတ်ထဲမှလက်နှင့်ဖမ်းညစ်နေမိသည်။မျက်ရည်များကြောင့်စိုပြီးကပ်နေသော မျက်တောင်လေးများ သူ့အစုနှင့်သူစုပြီးကျနေသည်။မလိမ်တမ်း ဝန်ခံရမယ်ဆိုသူထိုကောင်လေးအားထိပ်တုံး မခတ်လိုပါ။သို့သော် ရွာလူကြီးတစ်ယောက်ဖြစ်နေသည့်အတွက်အပြစ်ကတော့ပေးကိုပေးရမည်။ငှဲ့ညာ၍ မဖြစ်နိုင်။ယခုသူ ငှဲ့ညာလိုက်လျှင် နောက်လာမည့်ကိစ္စရပ်များတွင် လူပြောစရာဖြစ်လာလိမ့်မည်။

သူကြီးကတော်(BL)Where stories live. Discover now