" Jennie Kimရေအိပ်ယာထပြီး ကျောင်းသွားဖို့လုပ်ပါတော့ဟဲ့ "
အမေ့ဆီကနှိုးတဲ့အသံဟာ ကြားတစ်ချက်မကြားတစ်ချက်ဖြစ်နေပြီးအိပ်မက်လိုလိုတကယ်လိုလိုနှင့်ဝေဝါးကာအသံကြားပေမယ့်ထရမှာကိုသိပေမယ့် ပြန်အိပ်ပျော်သွားသော အခိုက်တန့်များဖြစ်ပေသည်။
" Jennieရေ ငါနင့်ကိုနှိုးနေတာ၃ခါရှိနေပြီနော် ဟိုဘက်အိမ်က Yongie လေးတောင် ခြံထဲလေ့ကျင့်ခန်းလုပ်နေတာပြီးတော့မယ် နင်အခုထိမထသေးဘူးလား ဟမ်! "
ဒီအမေကလည်းအိပ်လို့ကောင်းနေတာကို ဘယ်ဘက်အိမ်ကYoungie လေ့ကျင့်ခန်းလုပ်တဲ့အကြောင်းကိုလာပြောနေတာလည်းမသိ... မသိ...မသိ...
နေအုံး Youngie...
ဟိုဖက်အိမ်က Youngie...
ဆိုတော့ Anne? ဟမ် သူကလေ့ကျင့်ခန်းထလုပ်နေတာလား?
အိပ်နေရာမှကျွန်မချက်ချင်းထထိုင်လိုက်ကာနှိုးနေတဲ့အမေ့ကို အလောတကြီးကြည့်မိသည် ။" ဟင် ဟင် အမေ
Anneလေးက လေ့ကျင့်ခန်းထလုပ်တယ် သမီးလည်းမသိရပါလား "ဖွာလန်ကြဲနေသောဆံပင်များကို အလောတကြီးသပ်ချနေသော ကျွန်မကိုအမေကမျက်စောင်းခဲကာ ကြည့်ရင်း... ။
" အမယ်လေး နင်ကဆင်တက်နင်းရင်တောင်မနိုးသော အိပ်ချင်းမျိုးနဲ့အိပ်စက်တော်မူနေတာကို ဘယ်သိပါ့မလည်း
Chaeyoungie လေးကမနက်တိုင်း စောစောထပြီးခြံထဲမယ် လေ့ကျင့်ခန်းလုပ်နေကြ နင့်လို့သောက်ပျင်း မဟုတ်ဘူး.. အဲ့တာကြောင့်ထင်ပါရဲ့ ဟိုကအထက်တန်းတက်ခါစလေးရှိသေး အရပ်ကမိုးထိုးလို့ နင့်ကိုကြည့်စမ်း အိပ်ရာထဲအမြဲခွေခေါက်နေတော့ အရပ်ကမြေကြီးထဲကမထွက်တော့ဘူး "ဂါး ဂါး ဂါး စဥ်းစားကြည့်ကြပါတော့...
စောစောစီးစီးတစ်ယောက်ထဲရှိတဲ့ သမီးလေးကိုနှိပ်ကွပ်နေပုံများ သမီးအရင်းမဟုတ်တာကြလို့...။
အမေကအဲ့လိုပင် Anneလေးကိုဆိုရင် YoungieလေးYoungieလေးနှင့် ပါးစပ်ဖျားကမချပေ... ။ ကျွန်မကိုတော့အားရင်အားသလို အမြဲနှိပ်ကွပ်လျက်ရှိသည်... ။
တော်ပြီ တော်ပြီ အမေ့ကိုပြန်ရန်လုပ်ဖို့အချိန်မရှိဘူး အချိန်ကောင်းလေးကိုလက်လွတ်မခံသင့်။
ချက်ချင်းအိပ်ရာကကောက်ထကာ ဝရံတာဆီပြေးမိသည်။
အမေကတော့ အိပ်ရာထပြီမလို့ ဘာမှဆက်မပြောဘဲအခန်းထဲက ထွက်သွားသည်။
YOU ARE READING
Chocolate & Rose are wrapped in gold foil(One Shot)
Short StoryPacked with golden romance, chocolate and rose became the perfect match. . .