ဝတ္ထုတို♡ ♡ ♡
💝သူက ကျွန်မရဲ့ ပထမဆုံးချစ်ရသူ အချစ်ဦး💝
မိန်းကလေးတိုင်းမှာ နှလုံးသားတစ်ခုလုံးနဲ့ ထပ်ပြီး ချစ်ရသူတစ်ယောက်တော့ ရှိခဲ့ဖူးမှာပါ
အဲ့လိုပဲ လှိုင်းမှာလဲ ချစ်ရသူတစ်ယောက်ရှိခဲ့ဖူးတယ်
လှိုင်းဘဝတစ်ခုလုံးနဲ့ ရင်းပြီးချစ်ခဲ့ရသူ သူက လှိုင်းရဲ့အချစ်ဦး
လှိုင်း သူ့ကိုချစ်ခဲ့တာ ခဏတာမဟုတ်ဘဲ တစ်ဘဝလုံးစာ ရည်ရွယ်ပြီးချစ်ခဲ့တယ်
လှိုင်းချစ်တဲ့သူကတော့ ရေခဲတုံးကြီး
ကိုကြီးနဲ့ လှိုင်းစတွေ့ခဲ့တာ လှိုင်း<၄>တန်းနှစ်မှာလေ
အဲ့တုန်းက ကိုကြီးက <၉>တန်း
ကိုကြီးကတော့ လှိုင်းကို သိပ်အမြင်ကြည်ပုံမပေါ်ဘူး
စတွေ့ထဲက ကိုးရိုးကားယားနိုင်တဲ့ လှိုင်းလေ
ကိုကြီး<၉>တန်းနှစ်မှာ လှိုင်းတို့မြို့ကို ပြောင်းလာခဲ့တယ်လေ"လှိုင်းလေး"
"ရှန် မား"
"နက်ဖြန် မျက်နှာချင်းဆိုင်အိမ်ကို ပြောင်းလာကြမယ်တဲ့"
"ဘယ်ကလူတွေလဲမား"
"မားလဲ မသိဘူး စိတ်သဘောထားကောင်းတဲ့ အိမ်နားနီးချင်းတွေပဲ ဖြစ်စေချင်တယ်"
"ဟုတ်"
လှိုင်းအိပ်ခါနီး မားပြောခဲ့တာစကား
လှိုင်းကတော့ အပူအပင်ကင်းစွာ ဘာမှမတွေးမိခဲ့
သို့ပေမယ့် ကြိုမြင်မရသော ကံကြမ္မာက လှိုင်းနဲ့သူ့ကို ဆုံတွေ့စေခဲ့သည်လှိုင်းအိပ်ယာထတော့ စောင်တွေသေချာခေါက်ကာ
"မား...."
".........."
"မားရေ"
လှိုင်းရဲ့အကျင့်အတိုင်း အိပ်ယာထထခြင်း မားအားခေါ်နေလျက်
လှိုင်းမားအားခေါ်ကာ အိမ်ပေါ်မှလှေအားအတိုင်း ဆင်းခဲ့သည်
အိပ်မှုန်စုံမွှားဖြစ်နေသဖြင့် မျက်လုံးကိုက မဖွင့်ချင်ဖွင့်ချင်ဖြင့်
လှိုင်းရဲ့မားက အိမ်ပေါက်ဝမှာ တစ်စုံတစ်ယောက်နဲ့ ရပ်စကားပြောနေခဲ့သည်
လှိုင်းမားအနားသွားကာ ခါးလေးအားဖက်၍
"မား"
"ဟောတော် လှိုင်းလေးခုမှထတာလား"
"အွန်း"
"လှိုင်းလေး ဒါက ဟိုဘက်အိမ်အသစ်ပြောင်းလာတာ မုန့်လာဝေတာတဲ့ သားမာန်ထက်ရှိုင်း ဒါက အန်တီ့သမီးလှိုင်းဖြူလေးလေ လှိုင်လေးဒါက သမီးထက်တော့ ကြီးလိမ့်မယ်ထင်တယ် ကိုကိုမာန်ထက်ရှိုင်းတဲ့"
"ဟုတ်"
လှိုင်း မားပြောသော သူအားကြည့်လိုက်တော့
သူ့ရဲ့အရပ်မြင့်မြင့်ကြောင့်လှိုင်း မျက်ဝန်းတွေပြူးကျယ်သွားရရင်း
သူနဲ့ဆို လှိုင်းက သူ့ခါးသာသာသာရှိသည်
လှိုင်းက အသားဖြူဖြူ အရပ်ပုပုလေ
သူကတော့ ဝါဖြူ ဖြူတယ်ဆိုရမလား
နက်မှောင်သော မျက်ခုံးနှင့် ထူထဲသော မျက်တောင်တို့က ယောက်ျားဆန်လှစွာ
အနီရောင်မဟုတ်သော နီညိုရောင်နှုတ်ခမ်းပါးတို့က မပြုံးမရယ်ဖြင့်
အဲ့တုန်းက လှိုင်းစိတ်ထဲတွေးခဲ့မိသေးသည်
💭ဒီကိုကြီးက တော်တော်ချောတာပဲ ကိုရီးယားမင်းသားလေးကြလို့💭
"အန်တီကျွန်တော့်ကို ခွင့်ပြုပါဦး"
"အေးအေး"
"အိမ်တက်ကျရင် ဆက်ဆက်လာခဲ့ပါနော်"
"အေးပါကွယ်"
လှိုင်းသူ့ကျောပြင်လေးအား ကြည့်ကာ ထူးဆန်းသော ခံစားမှုများဖြင့်
အဲ့ချိန်က အချစ်ဆိုတာမသိခဲ့ပေမယ့် ခုချိန်ပြန်တွေးကြည့်တော့ ကိုကြီးကို.သဘောကျခဲ့တာ အြ့ချိန်ထဲက ဖြစ်လောက်တယ်