Love Prisoner

5.3K 264 17
                                    

သူ့ဘေးတွင်လာဝင်ထိုင်သည့်တစ်စုံတစ်ယောက်ကိုတွေ့တော့ သူရီဝေဝေနှင့်မော့ကြည့်လိုက်မိသည်....

"အော်..... မင်းကိုး.... Kim Jennie.....Ruby ရဲ့ CEO ကြီးပါလား.... ” သူမကိုလှမ်းပြောလိုက်ပြီး
"ဟေ့ နောက်တစ်ခွက် one strike..... ပြင်းပြင်းလေး.....” သူထပ်မှာလိုက်သည်......  ထို့နောက်သူ့ရှေ့တွင် ချပေးသော အရက်ခွက်ကို တစ်ခါတည်းမော့ချလိုက်သဖြင့်

"Honey....... ဖြေးဖြေးသောက်လေ.....,” သူမကစိုးရိမ်စွာပြောလိုက်တော့

"ဟ....ဟ..... ဘာဖြစ်လဲ...... မြန်မြန်သောက်.....မြန်မြန်မူး....မြန်မြန်မှောက်...... အဲ့ဒါ မှ မင်းကိုမြန်မြန်မေ့မှာ.... ဟား.....ဟား.... ” ဆိုကာ ယိုင်တိုင်တိုင်ဖြင့် ထထွက်သွားတော့ Jennie သူ့နောက်မှ လိုက်လာခဲ့သည်.... မျက်လုံးနှစ်လုံး ကိုအတင်းပြူးပြဲဖွင့်နေရသော သူက ဆိုင်ကယ်ပေါ်တက်ခွနေသဖြင့် Jennie လည်း သူ့ကိုယ်ကိုထိန်းကာ သူမကားဆီသို့ခေါ်သွားပြီး ကားတံခါးဖွင့်ကာ သူ့ကို ကားပေါ်တင်လိုက်သည်..... ပြီးနောက်သူမကမောင်းသူနေရာဝင်ထိုင်လိုက်ကာ သူ့ဘက်လှည့်ကြည့်လိုက်တော့ Lalisaတစ်ယောက် စက်တော်ခေါ်နေပြီ ဖြစ်သဖြင့် အနီးရှိ ဟိုတယ် သို့ပင်မောင်းခဲ့လိုက်တော့သည်.... ဟိုတယ်ရောက်တော့ သူမက အခန်းတစ်ခန်းယူလိုက်ပြီး အိပ်ပျော်နေသော သူ့ကို ဝန်ထမ်းများအကူအညီဖြင့် အခန်းထဲသို့ခေါ်ခဲ့ရလေသည်.... အိပ်ပျော်နေသောသူ့ကို ကုတင်ပေါ်ချပေးပြီး ဝန်ထမ်းများထွက်သွားတော့မှ သူမလည်းခြေပစ်လက်ပစ်ဝင်ထိုင်ကာ အမောဖြေရတော့သည်....

အမောပြေမှပင် သူ့ဖိနပ်နှင့်ခြေအိပ်ကိုချွတ်ပေးလိုက်သည်..... လည်သာJacket နှင့်မို့အိပ်ရခက်နေမှာစိုးသဖြင့် သူမက ချွတ်ပေးရန်ကြိုးစားလိုက်တော့ သူက မျက်လုံးများပွင့်လာပြီးသူမကိုယ်လေးက်ို ကုတင်ပေါ်ဆွဲလှဲလိုက်ပြီး........

"မင်း....က Jennie နဲ့....အရမ်း....တူ..တာဘဲ...... ” ဟုဆိုကာ သူမမျက်နှာကလေးကိုကိုင်ကာ ဟိုဖက်လှည့်လိုက်ဒီဘက်လှည့်လိုက် ကြည့်နေသည်......
သူမကသူ့ကိုစိုက်ကြည့်ရင်းသူ့လည်တိုင်လေးကိုလှမ်းဖက်လိုက်တော့
သူက သူမနှုတ်ခမ်းလေးများကိုတစ်လွှချင်းစုပ်ယူနမ်းရှိုက်လိုက်သည်......
သူမကလည်းပြန်လည်အနမ်းပေးလာတော့ ခန္ဓာကိုယ် ထဲရှိAlcohol အခံက သွေးများကိုပိုမိုဆူပွက်လာစေသည်.....
နမ်းနေရင်းနှင့် သူမအကျီ်ကြယ်သီးများကိုသူလှမ်းဖြုတ်လိုက်သည်......

Love at first sight 😍Donde viven las historias. Descúbrelo ahora