26

5.5K 489 11
                                    

မနက်ဖြန်ဆို ပြန်ရတော့မည်ဖြစ်လို့ ပွဲစီစဉ်သူက အနုပညာရှင်တွေရော ဆေးဘက်ဆိုင်ရာလူတွေအကုန်လုံးကို တည်းခိုတဲ့နေရာမှာပဲ နှုတ်ဆက်ပါတီပွဲလေးတစ်ခုစီစဉ်ပေးသဖြင့် ညဘက်မှာ guest house တစ်ခုလုံးကိုမီးအလှတွေဖြင့် ဆင်ယင်ထားကာ စားပွဲတွေလဲခင်းကျင်းပေးထားသည်...

"ရှောင်းကျန့် ရှောင်းကျန့် ထအုံး"
"အင်း ကျန်းချန်ဘာလဲကွာ ငါပင်ပန်းပြီးအိပ်ချင်နေလို့"

ဒီနေ့ကနောက်ဆုံးနေ့ဖြစ်လို့ ပိုပြီးပင်ပန်းရတယ်...ရှေ့ရက်ကပြတဲ့လူနာတွေရော မပြရသေးတဲ့လူနာတွေရော ဒီတိုင်းအနုပညာရှင်ကိုလာကြည့်တဲ့လူတွေရော ရှုပ်ယှက်ခက်နေကြလို့ ရှောင်းကျန့်တစ်နေကုန်ခေါင်းကိုက်နေတာ ညနေအားလုံးပြီးတော့ အခန်းထဲရောက်တာနဲ့တန်းအိပ်နေတာပင်...ဒီကြားထဲရိပေါ်က ဘာကိုစိတ်ကောက်နေမှန်းမသိ သူ့ကိုစကားလဲလာမပြောသလို အဖက်တောင်မလုပ်၊ ရိပေါ်များမုန့်လေး အအေးလေးလာပေးမလားမျှော်ရတာ လည်ပင်းတောင်ရှည်တယ် ဟိုကသူ့ဟာနဲ့သူလုပ်စရာရှိတာပဲလုပ်နေတာတွေ့ရသည်...၊

"ဟေ့ရောင် နှုတ်ဆက်ပွဲပါတီရှိတယ်ကွ ညစာအဲမှာစားရမှာ"
"ငါမစားတော့ဘူးကွာ မင်းတို့ပဲသွားလိုက်တော့"

ဒေါက် ဒေါက်!

ပြောနေရင်း ယွီပင်းတို့ အဲလစ်တို့ကပါရောက်လာကာ ရှောင်းကျန့်ကိုဝိုင်းနှိုးနေကြတော့သည်...

"ထပါရှောင်းရဲ့ အားလုံးအတွက်နှုတ်ဆက်ပွဲလုပ်ပေးတာဆိုတော့မကောင်းဘူးလေ ပြီးတော့ ကျွန်တော်တို့ ပုဂ္ဂလိကဆေးရုံကလူတွေနဲ့ ရှောင်းတို့ပေကျင်းဆေးရုံကလူတွေလဲ ပိုရင်းနှီးသွားတာပေါ့ ညစာစားပြီးတာနဲ့ ပြန်လာအိပ်လဲရတာပဲ ဘာမှမစားပဲနေမှ ဗိုက်အောင့်နေမှာ"

"ဟုတ်ပါပြီကွာ ဒါဆိုလဲရေချိုးပြီးဆင်းလာခဲ့မယ် မင်းတို့သွားနှင့်ပေါ့"
"ဟေ့ရောင် ပြန်အိပ်ဖို့မစဉ်းစားနဲ့နော်"
"မအိပ်ပါဘူးဆိုမှ အဲလစ် အဲ့နှစ်ကောင်ကိုခေါ်သွားတော့"

ရှောင်းကျန့်ပြောစကားကြောင့် အဲလစ်လဲ ကျန်းချန်တို့နှစ်ယောက်ကို ညစာစားမဲ့နေရာသို့ဆွဲခေါ်လာရသည်...

သူငယ်ချင်းIdol💚❤️Donde viven las historias. Descúbrelo ahora