"မေမိုး ရေထတော့လေဟာ ၊ဘယ်ချိန်ထိအိပ်နေမှာလဲ "
အခန်းလိုက်ကာကို ရုတ်တရက်ဆွဲဖွင့်လိုက်တာကြောင့် နေရဲ့စူးရှရှအလင်းရောင်က မျက်လုံးထဲသို့တိုက်ရိုက်ဝင်ရောက်လာသည်။
သူငယ်ချင်း သံစဥ်ရဲ့ နှိုးသံကိုမကြားချင်ယောင်ဆောင်ကာ မေမိုးတစ်ယောက် စောင်ကိုခေါင်းအထိခြုံကာပြန်အိပ်နေလိုက်သည်။
"ဟယ် ထပါတော့ဆိုမှ ပြန်အိပ်နေတယ် ၊ညက ဘယ်အချိန်ထိစာရေးနေလို့လဲ ၊ထတော့ မနက်၉နာရီထိုးတော့မယ် မနက်စာလည်းပြင်ပြီးပြီ ဆေးသောက်တာနောက်ကျနေလိမ့်မယ်နော် ထထ"
ခေါင်းအထိခြုံထားတဲ့ စောင်လေးကို ဖြေးဖြေးချင်းဆွဲယူပြီး ဦးရေပြားပေါ်မှာအနည်းငယ်သာကျန်ရှိတော့တဲ့ ဆံနွယ်လေးတွေကိုသပ်ပေးကာ ကလေးတစ်ယောက်လို ကျွန်မအား ချော့မြူနေသည်။
"အင်းးးးး ထပြီ ၊ ညက၂နာရီခွဲလောက်မှအိပ်ပျော်သွားတာ ၊ ဇာတ်လမ်းကပြီးတော့မှာဆိုတော့ လက်စသတ်နေတာနဲ့ ဟီး"
အမှားလုပ်ထားတာကိုယ်မလို့ မျက်နှာချိုသွေးရတော့သည်။
"နင်ကလေ ပြောစကားကိုနားမထောင်ဘူး ၊ကိုယ့်ကျန်းမာရေးကိုသိသားနဲ့ ၊စောစောအိပ်ပါဆိုမှ ၊လာ မျက်နှာသစ်မယ်"
သံစဥ် ကကျွန်မဘေးနားမှာ နောက်ဆုံးကျန်ရှိတဲ့သူငယ်ချင်းတစ်ယောက်သာ ၊ကျွန်မ အသက်၂၆နှစ်အရွယ်ထဲက အမတွေနဲ့အိမ်ခွဲနေဖြစ်ခဲ့တယ်၊ အခုချိန်ကျွန်မဘေးမှာ မိသားစုလိုတိုင်ပင်ဖော်တိုင်ပင်ဖက်ဆိုလို့ သံစဥ်တစ်ယောက်သာရှိတော့သည်။
Bisexualဖြစ်တဲ့ ကျွန်မရဲ့စိတ်ကိုနားလည်ပေးခဲ့ သူကလည်း သူတစ်ယောက်တည်း။ ကျွန်မရဲ့အကြောင်းတွေကို အကုန်သိကာ ကျွန်မရဲ့စိတ်ကိုအနားလည်ပေးနိုင်ဆုံးကလည်းသူ ၊ လျို့ဝှက်ချက်တွေကို ထိန်းသိမ်းပေးနိုင်ဆုံးကလည်း သူပါပဲ။
သံစဥ်က ကျွန်မမှာ ကျောက်ကပ်ကင်ဆာ ရှိတာကိုသိတဲ့အချိန်ကစပြီး ကျွန်မနေအိမ်သို့ပြောင်းရွေ့နေထိုင်ခဲ့သည်မှာ ၁နှစ်နီးပါးရှိခဲ့ပြီ။ သူနဲ့အတူမနေခင် အစပိုင်းတော့ ကျွန်မကိုယ့်ရောဂါကိုတစ်ယောက်ထဲကျိတ်မှိတ်ကုနေမိသည်။ဘေးတွင်ပြုစုမဲ့သူလည်းမရှိခဲ့။
အမှတ်မထင် သံစဥ်တာဝန်ကျရာ ဆေးရုံသို့ ဆေးစစ်ချက်သွားယူရာမှ သူနှင့်ထိတ်တိုက်တွေ့တော့သည်။ ကျွန်မရဲ့ရောဂါအကြောင်းအစုံကို သူသိသွားသည့်အချိန်တွင်တော့ အတော်လေးတုန်လှုပ်သွားပြီး ကျွန်မကိုကြည့်ကာယူကျုံးမရငိုချင်းချ တော့သည်။ သူနာပြုဖြစ်တဲ့သံစဥ်ကအလုပ်မှခဏနားကာ ကျွန်မအားစောင့်ရှောက်ပေးချင်ကြောင်း ဆရာဝန်အားခွင့်တောင်းသည်။ အိမ်သို့သူရောက်လာတဲ့ အချိန်ကစပြီး သိပ်ပြီးအထီးမကျန်လှတော့။ နေပြည်တော်တွင် တစ်လအကြာနေထိုင်ပြီးနောက် နှစ်ဦးလုံးတိုင်ပင်ကာ ကလောကခြံလေးသို့ပြောင်းရွေ့နေထိုင်ခဲ့ကြသည်။
YOU ARE READING
𝐈𝐧 𝐀𝐧𝐨𝐭𝐡𝐞𝐫 𝐋𝐢𝐟𝐞 🌼 (One Shot ) Z+U